စစ်သားနဲ့ စစ်တပ်ရဲ့အဓိကတာဝန်ကဘာလဲဆိုတာ မမေ့သင့်ဘူး။ မေ့နေရင် ပြောပြမယ်။ စစ်တပ်နဲ့စစ်သားရဲ့ အဓိကတာဝန်ကတော့ ကိုယ့်တိုင်းပြည်ကို တိုင်းတပါးရန်က အသက်ပေးကာကွယ်ဖို့ပါ။ ဒီလိုကိုယ့်လူထုကို သေနတ်ပြပြီးရိုက်ဖို့ မဟုတ်ဘူး။ သေနတ်ကိုင်ထားပြီးမှ ကိုယ့်လူထုကို ကိုယ်ပြန်ရိုက်ရဲတဲ့သတ္တိမျိုး စစ်သားမပြောနဲ့ ကလေးတောင် အဲလိုသတ္တိမျိုးရှိတယ်။

Friday, November 9, 2007

တို့ဗိုလ်ချုပ်က မှာခဲ့တယ်

“ဟေ့ … သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူကမိရင် ‘လက်’ အားရင် လက်နဲ့ထိုး၊ ‘ခြေ’ အားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ‘ပါးစပ်’ အားနေရင် ပါးစပ်နဲ့ ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့။” (ဗိုလ်ချုပ်အောင်ဆန်း - ဟိုင်နန်ကျွန်း၌ စစ်ပညာသင်စဉ် ပြောကြားခဲ့သောစကား)

Read More...

Thursday, November 1, 2007

ပုသိမ်တွင်သံဃာတော်များလမ်းလျှောက်ပွဲ ပြန်လည်စတင်

၁၊ နိုင်ဝင်ဘာ ၂၀၀၇

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် သံဃာတော်မျာ၏ ကံဆောင်သပိတ်အား ပြန်လည်စတင်ကြောင်းသတင်းရရှိပါသည်။

Read More...

ဒါကလည်း တမျိုးစိတ်ဝင်စားစရာကောင်းပါတယ်


Laser Flashlight Hack! - The top video clips of the week are here

Read More...

ဒါကိုကြည့်ပြီး ဒီထက်ကြီးတဲ့လက်နက် ထွင်နိုင်တယ်နော် မမေ့ကြနဲ့ ကိုယ့်ကိုချတဲ့လူကိုပြန်ချလို့ရအောင်ပေါ့


Make A Contact-exploding Bomb! - Funny blooper videos are here

Read More...

ပခုက္ကူသံဃာတော်များ မေတ္တာပို့ လမ်းလျှောက်ပွဲ ပြန်လည်စတင်



Read More...

Tuesday, October 30, 2007

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ပီညဲရိုးတို့ တွေ့ဆုံ

မစ္စတာ ပီညဲရိုးနှင့် ပီညဲရိုးအဖွဲ့မှ အဖွဲ ၀င် (၄)ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နေ့လည်တွင် ဆီဒိုးနား ဟိုတယ်တွင် တွေ့ဆုံနေတယ်လို့ သိရှိရသည်။ ထိုတွေ့ဆုံမှုတွင် မကြာသေးခင်က ပြန်လည် လွတ်မြောက်လာသူ တချို့နဲ့  တွေ့ဆုံခွင့်ရတယ်လို့ သိရှိရသည်။

ပြီးခဲ့သည့် ဆန္ဒပြပွဲဖမ်းဆီးခံရပြီး ပြန်လည် လွှတ်မြောက်လာသော နံမည်ကြီးခေါင်းဆောင်များပါ ပါဝင်ပြီး ဘုန်းတော်ကြီးအချို့လည်းပါသည်ဟု သိရသည်။

ဆုံဆည်းရာ

Rest of your post

Read More...

သားပျောက်တေး

သွေးနဲ့ ရေးမှ ဆေးမှင်ကြောင်
ရင်နဲ့သွေးခဲ့တယ် ရင်သွေး

အချစ်များစွာနဲ့  ပြစ်မှားမိခဲ့ပါတယ်

ကဗျာနဲ့ ငါ
အဖန်ငါးရာ ငါးကမ္ဘာ

သို့  …
မိစ္ဆာအတွက်ဖိတ်စာ

အ၀ီစိရဲ့အောက်
ငရဲကိုနောက်တထပ်တိုးဖို့
ပဉ္စမမျိုးဆက်သွေးနဲ့
ဒီကဗျာကို ငါရေးတယ် …။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)

Read More...

နအဖ (နိုင်ငံတော်အကြမ်းဖက်အဖွဲ့ကြီး) ၏ လူမဆန်သော လုပ်ရပ်များကို ရန်ကုန်ပြည်သူ့ဆေးရုံမှ ၀န်ထမ်းများ ဖော်ထုတ်







Read More...

Sunday, October 21, 2007

Read More...

Tuesday, October 9, 2007

လာလာချေသေး ..... လိမ်ဆင်လေးတွေ

လာလာချေသေး ..... လိမ်ဆင်လေးတွေ
ဤသတင်းကို နအဖ၏၀ါဒဖြန့်ချိရေး မြန်မာ့အလင်းသတင်းစာမှ ကူးယူဖြော်ပြသည့် ကိုနစ်နေမန်းမှ တဆင့်ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်သည်။ ၎င်းမူရင်းကိုအောက်တွင် ဖတ်ရှုနိုင်ပါသည်။
ရှေ့ဖုံးမှ
အဆိုပါ သြ၀ါဒခံယူပွဲသို့ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) မှ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးလှစိုးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူါ်များ၊ ရန်ကုန်တိုင်းသာသနာရေးမှူး ဦးစိုးနိုင်နှင့် ခရိုင်သာသနာရေးမှူးများ၊ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးလှဒေါင်း နှင့် ခရိုင်ဦးစီးမှူးများတက်ရောက်ကြသည်။
ရှေးဦးစွာ သြ၀ါဒခံယူပွဲကို နမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်သည်။ ထို့နောက် ရန်ကုန်တိုင်းအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှစိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ရိုသေလေးမြတ်စြွ လျှေက်ြထားအပ်ပါသည် ဆရာတော်အရှင်မြတ်တို့ဘုရား။
မကြာသေးမီက ရန်ကုန်တိုင်းအတွင်း မြို့အချို့တွင် သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့ကြောင့် အကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားခဲ့ပါသည်ဘုရား။ ဆူပူရာတွင် မပါဝင်သည့် ဘုန်းတော်ကြီးကျောင်းများကို ခြိမ်းခြောက်ခြင်း၊ လူအုပ်စုဖြင့်ဝိုင်း၍ ရေသန့်ဘူးများဖြင့် ပစ်ပေါက်စော်ကားခြင်းအပါအ၀င် ဆရာတော်မထေရ်ကြီးများကိုပင် ကိုယ်ထိ လက်ရောက် ပစ်မှားကျူးလွန်မှုများလည်း ဖြစ်ပွားခဲ့ပါသည်ဘုရား။


တားမြစ်

ထို့ကြောင့် သာသနာရေးဝန်ကြီးဌာန၀န်ကြီးက ၂၀၀၇ စက်တင်္ဘာ ၂၄ ရက်တွင် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ထံ ဖြစ်ရပ်မှန်များ လျှောက်ထားတင်ပြ ခဲ့ပါသည်ဘုရား။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ၎င်းနေ့မှာပင် ညွှန်ကြားချက်လွှာအမှတ် (၉၃) ကို ထုတ်ပြန်၍ ၀ိနည်းသိက္ခာပုဒ်နှင့် မညီသော အမူအကျင့်များကို တားမြစ်ခဲ့ပါသည်ဘုရား၊
အမိန့်ဖီဆန်
ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း ရန်ကုန်တိုင်းအတွင်းရှိ လိုအပ်သောမြို့နယ်များ၌ ပုဒ်မ ၁၄၄ ကို စက်တင်္ဘာ ၂၅ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်ဘုရား။ စက်တင်္ဘာ ၂၆ ရက်မှစ၍ နိုင်ငံရေးပါတီတခုနှင့် အခြားဆူပူမှုကို ဖန်တီးလိုသော ၈၈ မျိုးဆက်ဆိုသူပုဂ္ဂိုလ်မျး၏ စည်းရုံးသိမ်းသွင်းသွေး ဆောင်ခြင်းကိုခံထားရသည့် သံဃာတော်အချို့ ဆူပူမှုကိုဖန်တီးရန် ကြိုတင်မြှုပ်နှံထားသော သင်္ကန်းဝတ်အချို့နှင့်လူပုဂ္ဂိုလ်အချို့ ခေါင်းဆောင်ပါဝင်ခဲ့သော ဆူပူ လိုသူများသည် တရားသဖြင့် ထုတ်ပြန်ထားသော အဖိန့်ကိုဖီဆန်ကာ လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှုများကို ဆောင်ရွက်ခဲ့ပါသည်ဘုရား။

ကြိုးပမ်း
သို့ပါ၍ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို တာဝန်ယူရသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းခဲ့ရာ အကြမ်းဖက်လူစုလူဝေးက လူအင်အားသုံးပြီး လက်နက်များကိုလုယူရန်အထိ ကြိုးပမ်းအားထုတ်ခဲ့ပါသည်ဘုရား။

လိုက်နာ
ဤနေရာတွင် ထည့်သွင်းလျှောက်ထားလိုသည်မှာ နိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြကုန်သော လူ ပုဂ္ဂိုလ်သော်လည်းကောင်း၊ သာသနာ့ဝန်ထမ်းသော်လည်းကောင်း၊ နိုင်ငံတော်ကထုတ်ပြန်သည့် တရားဥပဒေ များကို လိုက်နာကြရမည်ဖြစ်ပါသည်ဘုရား။

မလွှဲမရှောင်သာ
မြေပြင်သတင်း မျက်မြင်တွေ့ရှိချက်နှင့် အခြားသော အထောက်အထားများအရ ဆူပူမှုကိုဖန်တီး ဦးဆောင်ခဲ့သော ဆူပူမှုတွင်ပါဝင်ခဲ့သော ဦးဂမ္ဘီရ၊ ဦးဝိစိတ္တ၊ ဦးသြဘာသ၊ ဦးပါကဋ၊ ဦးကောဝိဒ၊ ဦးဥတ္တရ၊ ဦးခန္တီ၊ ဦးကုသလ၊ ဦးအဂ္ဂ၀ံသ၊ ဦးနေမိန္ဒ၊ ဦးဉာဏတဇ၊ ဦးဥတ္တမ၊ ဦးသညိန္ဒ၊ ဦးဇနိန္ဒ၊ ဦးကုသလ၊ ရှင်ကန္ဒေရ၊ ဦးဝဏ္စသာရ၊ ဦးတေဇနိယ၊ ဦးကောဏ္ဏည၊ ဦးဇဋိယ၊ ဦးစန္ဒာဝရ၊ ဦးကေ၀လ၊ ဦးသောမန၊ ဦးအာစိတ္တ၊ ဦးပညာဇောတ၊ ဦးကောသလ္လ၊ ဦးပညာဝံသ၊ ဦးနန္ဒောဘာသနှင့် ဦးစဋိလဆိုသူတို့ သီတင်းသုံးရာ တောင်ဥက္ကလာပမြို့နယ် ငွေကြာယံပရိယတ္တိစာသင်တိုက်၊ ဓမ္မဇေယျကျောင်းတိုက်၊ ရွှေတောင်မော်ကျောင်းတိုက်၊ စတိလရာမ ကျောင်းတိုက်၊ တာမွေမြို့နယ်မှ ဓမ္မသုခကျောင်းတိုက်၊ ရန်ကင်းမြို့နယ်မှ မိုးကောင်းကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့နယ်မှ မဂ္ဂင်ကျောင်းတိုက်၊ ကျောက်စာတော်အရှေ့ကျောင်းတိုက်၊ ပညာတံခွန်ကျောင်းတိုက်၊ ဓမ္မဝေပုလ္လကျောင်းတိုက်၊ ရွှေကျင်တိုက်သစ်ကျောင်းတိုက်၊ ဗိုလ်တထောင်မြို့နယ်မှ မင်္ဂလာရာမ ကျောင်းတိုက်၊ ပညာရာမိကကျောင်းတိုက်၊ ဗဟန်းမြို့နယ်မှ သာသနာ့သိပ္ပံကျောင်းတိုက်၊ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်မှ တက္ကသီလာ ဇေယသိဒ္ဓိပဠာန်း ကျောင်းတိုက်၊ စသည့် ဘုန်းကြီးကျောင်းစုစုပေါင်း ၁၈ ကျောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ ရှာဖွေမှုများ ပြုလုပ်လာရပါသည်ဘုရား။

ဝမ်းနည်းဖွယ်ရာ
ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့သည့် ကျောင်းများအနက် အချို့ကျောင်းများတွင် ရဟန်းသံဃာတော်များနှင့် မအပ်စပ်သည့်မာတုဂါမများနှင့် တမိုးတယံတည်းအတူ နေထိုင်ခြင်း၊ ဆင်ဆာမဲ့ညစ်ညမ်းဗွီစီဒီ ၄၂ ချပ်၊ ညစ်ညမ်းဒီဗွီဒီတချပ်၊ ညစ်ညမ်းရုပ်ပုံစာအုပ်သုံးအုပ်၊ ညစ်ညမ်းပိုစတာနှစ်ခု၊ ညစ်ညမ်းဓာတ်ပုံလေးပုံ၊ ကာမသိဒ္ဒကျမ်းတစ်အုပ်၊ အမျိုးသမီးဓာတ်ပုံတပုံ၊ ကွန်ဒုံး ၁၀ ခု၊ ကွက်လပ်ဖြည့်ပါအားဆေးတစ်ထုပ်၊ ရော်ဘာလိင်တံတု (ခါးပတ်ပါ)တစ်ခု၊ ဖို/မ ဖက်ထားသည့် အဆောင်ရုပ်တုတစ်ခု၊ အမျိုးသမီးလုံချည် ၁၃ ထည်၊ အမျိုးသမီးအတွင်းခံဘောင်းဘီရှစ်ထည်၊ အမျိုးသမီးလက်ကိုင်အိပ်တစ်ခု၊ ရည်းစားစာ၊ ရေမွှေး၊ အလှဆီ သုံးပုလင်း၊ ပုဆိုးများ၊ တီရှပ်များ၊ ဂျင်းအင်္ကျီများ၊ ကော့လက်ဖုန်းနှစ်လုံး၊ ချေးငွေစာချုပ် သုံးစောင်၊ ရိုးလက်စ်ကျားပတ်နာရီတလုံး၊ အရက် ၁၀ ပုလင်း၊ ၉ မမ ကျည်တတောင့်၊ ဓားမျိုးစုံ ၁၈ လက်၊ သစ်သားနံချပ်ကူ သုံးချေင်း၊ ပုဆိန်တလက်၊ သစ်သားလက်ကိုင်ဒုတ် ခြောက်ခု၊ သံချောင်း တစ်ချောင်း၊ လေးခွ ၁၃ ခု၊ လောင်းကြေး အကြွေးစားရင်းပါ စာရွကစာတမ်းများ၊ ဘောလုံပွဲ ပွဲစဉ်ပါ စာအုပ် ၃၀ နှင့် ဘောလုံးပွဲလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ နှစ်လုံး သုံးလုံး ချဲထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်း၊ လယ်ဂျာ၊ ဖြတ်ပိုင်းစာအုပ်များ၊ ဖဲသုံးထုပ်၊ သွေးမော်ကွန်းခေါင်းစဉ်ပါ ဆန့်ကျင်စာကဗျာတစ်ပုဒ်၊ ညီညွတ်ကြလျှင်ခေါင်းစဉ်ပါ လှုပ်ဆော်စာတစ်ရွက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂအဖွဲ့ချုပ်စာရွက် သုံးရွက်၊ (၁၈၊ ၉၊ ၂၀၀၇) ရက်စွဲပါ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂအဖွဲ့မှ နိုင်ငံတော်အစိုးရထံ တောင်းဆိုထားသောစာများရေးသားထားသည့် ဒိုင်ယာရီစာအုပ်တစ်အုပ်၊ အင်န်အယ်ဒီ သတင်းမှတ်တမ်းမိန့်ခွန်းစာရွက်စာတမ်းများ၊ ခွပ်ဒေါင်းရင်ထိုးတံဆိပ်တခု၊ ၈၈ မျိုးဆက်သစ်အဖွဲ့၏ ၀ါဆိုသင်္ကန်းကပ်ဖိတ်စာများ၊ နာဇီခေါင်းစည်းတခု၊ အမေရိကန်ခေါင်းစည်းနှစ်ခုတို့ ရှာဖွေတွေ့ရှိခြင်းကို ၀မ်းနည်းဖွယ်ရာ ကြုံတွေ့ရပါသည်ဘုရား။

စိစစ်နေဆဲ
ဘုန်းတော်ကြီးကျောင်းများကို ရှာဖွေရာတွင် တွေ့ရှိခေါ်ဆောင်လာသူများအား လိုအပ်သော စစ်ဆေးမှု များပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်အထိ ဥပဒေနှင့်ညိစွန်းမှုမရှိသည့်ရဟန်း ၄၀၄ ပါး၊ သာမဏေ တစ်ပါး၊ အမျိုးသား ၁၅၈ ဦးနှင့် အမျိုးသမီး ၃၀ တို့ကို ပြန်လည်စေလွှတ်ခဲ့ပြီးဖြစ်သည့် အတွက် ရဟန်း ၁၀၉ ပါးနှင့် အမျိုးသား ၉ ဦးတို့ကိုသာ ဆက်လက်စိစစ်နေဆဲ ဖြစ်ပါသညါဘုရား။

ပုဇွန်တောင်ချောင်း
ဆူပူမှုဖြစ်ဉ်တခုလုံးတွင် ရဟန်းတော်များ ထိခိုက်ပျံလွန်မှုများရှိသည်ဟု ပြည်ပမီဒီယာများနှင့် ဆူပူ သောင်းကျန်းသူအဖွဲ့များက လုပ်ကြံထုတ်လွှင့်ပြောဆိုမှုများ ရှိခဲ့ပါသည်ဘုရား။ အမှန်တကယ်အားဖြင့်မူ နိုင်ငံရေးပါတီဆိုင်ရာ ဆေးမင်ကြောင်းများထိုးထားပြီး လည်ပင်းတွင်သင်္ကန်းပတ်ထားသည့် ပုဇွန်တောင်ချောင်းအတွင်းတွေ့ရသော အလောင်းတလောင်းသာလျှင်ဖြစ်ပါသည်ဘုရား။
ထိုအလောင်းမှာ သင်္ကန်းပတ်ထားသည့် အတုလုပ်ထားသော အလောင်းတလောင်းသာဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ပါသည် ဘုရား။

ယုတ်မာသောအကြံ
ပြည်တွင်းပြည်ပအဖျက်သမားများသည် ၎င်းတို့အကျိုးဆိုလျှင် ဘာသာ သာသနာကိုတောင်မှ အလွတ်မပေးဘဲ ကျောင်းသင်္ခန်းများ၌ ပရိယတ်၊ ပဋိပတ် အားထုတ်သင်ယူနေသော သံဃာများကို သွေးထိုးမြောက်ပင့်ပြီး လမ်းပေါ်ထွက်အောင် ပို့ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ သာသနာတော်နှင့် လုံးဝအပ်စပ်ခြင်းမရှိ။ ဗုဒ္ဒဘုရားရှင်မကြိုက်၊ သူတော်ကောင်းများမနှစ်သက်သည့် အဖျက်အမှောင့် ဆူပူအကြမ်းဖက်မှုများကို လုပ်ဆောင်စေလျှက်ရှိပါသည် ဘုရား။

Read More...

Saturday, October 6, 2007

ကြိုတင်လက်နက်ချရန်တောင်းဆိုထားသော စစ်အုပ်စု၏ တောင်းဆိုမှုအား NLD မှ ပါယ်ချ

5 - 10 - 2007
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပယ်ချလိုက်သည်။

သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲကို ဖြိုခွင်းရန် စစ်တပ်စေလွှတ်ခဲ့သည့်အတွက် နိုင်ငံတကာ၏ ဒေါသူပုန်ထမှုကို ရင်ဆိုင်နေရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်သည် ထိပ်တိုက်ရင်ဆိုင်မှုကို စွန့်လွှတ်ရမည်၊ အဖျက် အမှောင့် လုပ်ရပ်များ မပြုရ၊ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံခြင်းနှင့် “လုံးဝဥဿုံ ပျက်စီးစေခြင်း”အဆိုရှိ အမျိုးအမည် မသိရသည့် အရာကို ရပ်တန့်ရမည်ဟု တောင်းဆိုကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အေဘရာဟင် ဂန်ဘာရီက ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သည်။

“သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို သူ မကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ၀န်ခံခိုင်းနေတာပဲ”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။

ယမန်နေ့က အစိုးရ မီဒီယာများမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ထုတ်လွှင့်ခဲ့ သည်။

“မတွေ့ရသေးခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား အညံ့ခံခိုင်းနေမှတော့ ဒီတွေ့ဆုံမှုက ဘယ်လို အကျိုးရှိမယ်ဆိုတာ မြင်ဖို့ တော်တော်ခက်တယ်”ဟု ဂျော့တောင်းတက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်စတိန်းဘာ့ဂ်က ရိုက်တာ ရုပ်သံသတင်းတွင် ပြောကြားသည်။ “ဒါဟာ ဆိုက်ကို ပရိယာယ် တခုပဲ။ တချိန်တည်းမှာပဲ စစ်တပ်ဟာ ဘာကိုမှ ၀န်ခံတာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်”ဟုလည်း ဆက်လက် သုံးသပ်သည်။

ဟစ်တိုင်

Read More...

အောက်တိုဘာ ၆ ရက် ၂၀၀၇
ဆေးရုံကို အကျဉ်းစခန်းကနေ လူသေတွေ ခဏခဏရောက်လာတယ် ကျောအနောက်ပိုင်းမှာ အမဲစင်းစင်းလေးတွေနဲ့ အဲဒါကို တော်ရုံ ဆရာဝန်လေးတွေ ဘာမှန်းမသိဘူး Professor တစ်ယောက် ပြောပြမှသိတာက အဲဒါတွေက Electric Shock နဲ့ တို့ ထားတာတွေတဲ့ နောက်ပြီး ဆေးရုံကို ရောက်တဲ့ ဒဏ်ရာရလူစာရင်းတွေမှာ Gun Shot Wound ဆိုပြီး မှတ်ချက် ရေးထားတာတွေကိုလည်း Accident ဆိုပြီး ပြင်ရေးခိုင်းတယ် ဆရာဝန်တွေအားလုံးကတော့ ပြင်မရေးပေးနိုင်ဘူးဆိုပြီး တင်းခံထားတာပဲ၊ ဘုန်းဘုန်းတစ်ပါး အဲဒီ ဘုန်းဘုန်းဆိုရင် OT က ထွက်လာလာချင်းကို ဆေးရုံမှာရှိတဲ့ ဗိုလ်မှူးက သင်္ဃန်းဆွဲချွတ်ပြီး ဖမ်းခေါ်ဖို့လုပ်တာ ဆရာဝန်တွေနဲ့ ရှိရှိသမျှ ဆေးရုံက နာ့စ်တွေအားလုံး ၀ိုင်းတားတာ မရဘူး နောက်ဆုံး Professor ကိုယ်တိုင်က ဒီလူနာကို intensive ပေးရမှာ ခင်ဗျားတို့ နားမလည်ပဲ မလုပ်ပါနဲ့ဆိုလို့ အဲဒီမှာ ခဏထားခွင့်ရတာပါ။ ညနေလည်း ရောက်ရော အဲဒီဦးဇင်းကို လာခေါ်သွားတာပါပဲဟိုက ထတောင် မနိုင်ဘူး လိုက်သွားရတယ်ဟု ရန်ကုန်မြို့ခံတဦးမှ ပြောသည်။

ဆုံဆည်းရာ

Read More...

Friday, October 5, 2007

Read More...

စစ်ခွေးများမှပစ်ခတ်မှုကြောင့် ...ရန်ကုန်ဆေးရုံကြီးတွင်ဤသို့မြင်သိကြောင်း...

ရန်ကုန်ဆေးရုံကြီးသို့ယခုရက်များအတွင်း ရောက်ရှိနေကြသောလူနာများ



ဓမ္မတေးကို သွေးဖြင့်သီကျူးခဲ့ရသည်။

Read More...

Thursday, October 4, 2007

စက်တင်ဘာလ (၂၄) ရက်နေ့ က ကလေးမြို့မှ လူထုချီတက်ဆန္ဒ့ပြပွဲပါ။

Read More...

ပစ်သတ်ခံ ဂျပန်သတင်းထောက်အလောင်း ဂျပန်ပြန်ရောက်

အောက်တိုဘာ ၄ ရက် ၂၀၀၇။ AFP/HT
ရန်ကုန် ဆန္ဒပြပွဲတွင် ပစ်သတ်ခံခဲ့ရသော ဂျပန် ဓာတ်ပုံသတင်းထောက် ခန်းဂျီး နာဂါအိ၏ ရုပ်ကလာပ်ကို ယနေ့ ဂျပန်နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်သွားသည်။

နာဂါအိ၏ ကုမ္ပဏီက နာဂါအိ နောက်ဆုံး ရိုက်ကူးသွားခဲ့သော ဗီဒီယိုမှတ်တမ်းကို ပြန်ရရန် ကြိုးစားနေသည်။ အ၀တ်နီနှင့် ရစ်ပတ်၍ ပန်းစည်းတင်ထားသော နာဂါအိ၏ ခေါင်းတလားကို တိုကျိုအခြေစိုက် အေပီအက်ဖ် သတင်းဌာန အကြီးအကဲ တိုယူ ရာမာဂျီနှင့်အတူ နာရီတာ လေဆိပ်သို့ ရောက်ရှိလာသည်။

“သူ ရိုက်ခဲ့တဲ့ ဗီဒီယိုခွေကို သူ့အသက်အတွက် ပြန်ပေးဆပ်မှုအနေနဲ့ ကျနော် ပြန်လိုချင်တယ်”ဟု ယာမာဂျိ့ သတင်းထောက်များကို လေဆိပ်တွင် ပြောကြားသည်။ “အခု ကျနော်တို့ရဲ့ အကြီးဆုံး ကိစ္စက အဲဒီမှာ ဘာတွေပါလဲဆိုတာနဲ့ သူ့ရဲ့ နောက်ဆုံးနေ့မှာ လူတွေကို သူ ဘာပြောချင်ခဲ့တာလဲဆိုတာ အတည်ပြု ထုတ်ပြန်ဖို့ပါ”ဟု ဆိုသည်။

အသက် ၄၀ အရွယ် ၀ါရင့် ဓာတ်ပုံသတင်းထောက်သည် ပစ်သတ်ခံရချိန်က ဆိုနီ ကင်မရာကို သုံးစွဲခဲ့သည်ဟု ယုံကြည်သော်လည်း ရိုက်ကူးပြီး မှတ်တမ်းများကို ပြန်သိမ်းထားရန် သူ အသုံးပြုခဲ့သည့် ကန်နွန် ကင်မရာ တလုံးကိုသာ မြန်မာစစ်အစိုးရက ပြန်ပေးခဲ့ သည်။ မြန်မာစစ်အစိုးရက နာဂါအိသည် မတော်တဆ မှားယွင်းပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုင်းလေကြောင်းပိုင် လေယာဉ်ဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ သယ်ဆောင်လာသော နာဂါအိ၏ အလောင်းကို ခွဲစိတ်စစ်ဆေးရန် တိုကျိုဆေးရုံသို့ ပို့ဆောင်ပြီး အသက် ၈၂ နှစ်နှင့် ၇၅ နှစ်အရွယ် ဂီလာန မိဘနှစ်ပါးလည်း လာရောက် ကြည့်ရှုမည်ြ့ဖစ်သည်။

တိုကျို မြန်မာသံရုံးရှေ့တွင် ဂျပန်နိုင်ငံသားများနှင့် ဂျပန် ဘုန်းတော်ကြီးများ ရက်ဆက် ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။

မြန်မာစစ်အစိုးရ၏ အဓိက အလှူရှင် နိုင်ငံတခု ဖြစ်သည့် ဂျပန်နိုင်ငံမှ ဓာတ်ပုံသတင်းထောက်ကို ပစ်သတ်မိခြင်းသည် မြန်မာစစ်အစိုးရအတွက် စိတ်ကသိကအောက် ဖြစ်စရာ အမှားတခု ဖြစ်သည်။

Read More...

Wednesday, October 3, 2007

ဝတ်ပြုဆုတောင်းပွဲများကျင်းပ၍ လှုပ်ရှားမှုများ ပြန်လည်စတင်ရန် သံဃာတော်များနှင့် ကျောင်းသားများ စုပေါင်းကြေညာ

NEJ/ ၃ အောက်တိုဘာ ၂၀၀၇

စစ်အာရှင်များ၏ အကြမ်းဖက်မှုကြောင့် သာသနာတော်ထွန်းကားရေးနှင့် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အသက်ပေးလှူသွားကြသည့် ရဟန်းသံဃာတော်များနှင့် ကျောင်းသားများ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၀တ်ပြု ဆုတောင်းပွဲများကို တနိုင်ငံလုံး ကျင်းပသွားမည်ဟု လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီမှ ယနေ့ကြေညာချက် ထုတ်ပြန်သည်။

လူမျိုးအသီးသီးမှ သက်ဆိုင်ရာဘာသာများအလိုက် တန်ခိုးကြီးဘုရားများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီကျောင်းများ၊ ဘုံကျောင်းများတွင် အောက်တိုဘာ (၅) ရက်မှ (၇) ရက်အထိ (၃) ရက်တိတိ ဖယောင်းတိုင်များ ထွန်းညှိပူဇော်၍ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဆုတောင်းသစ္စာပြုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါနေ့များမှစ၍ နေအိမ်ရှိ ဘုရားကျောင်းဆောင်များတွင် သာသနာ့အလံတော်များ စိုက်ထူရန်လည်း ကြေညာချက်တွင် နှိုးဆော်ထားသည်။

၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် ကိုစိုးထွန်းက “ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ အာဇာနည် အပေါင်းအတွက် ကျနော်တို့ဟာ ဒီလိုဝတ်ပြုဆုတောင်းပွဲတွေကို နိုင်ငံတ၀န်းလုံးမှာရှိတဲ့ ဒေသ အလိုက် ဘုရားတွေမှာ ဖယောင်းတိုင် ထွန်းညှိပူဇော်ပြီး မေတ္တာပို့ဆုတောင်းကြဖို့ လိုပါတယ်။ သက်ဆိုင်ရာလူမျိုးအသီးသီးကလည်း ဘာသာအသီးသီးအလိုက် ၀ိုင်းဝန်း ဆုတောင်ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ပြောသည်။

မင်းဆိုးမင်းညစ်အောက်မှ အမြန်လွတ်မြောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာပါစေကြောင်း၊ မတရားဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းခံနေရသော သံဃာတော်များ၊ ကျောင်းသားလူငယ် များနှင့် ပြည်သူများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေကြောင်းနှင့် လွတ်မြောက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးတို့အတွက် သွေးစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း လေးလေးနက်နက်ဆုတောင်း သစ္စာပြုသွားကြမည်ဟု ကြေညာချက်တွင် ပါရှိသည်။

တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ပြောခွင့်ရသူ ကိုတင်ထူးအောင်က “ကျနော်တို့အနေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေမှာ လူစုလူဝေးလုပ်ခွင့်မရရင် အိမ်တွေမှာ အတတ်နိုင်ဆုံးလုပ်မယ်ဗျာ။ တဦးချင်းအနေနဲ့သော်လည်းကောင်း၊ အစုအဖွဲ့အနေနဲ့ သော်လည်းကောင်း ရအောင်လုပ်သွားဖို့ ကြေညာချက်ကို ထုတ်ပြန်တာပါ” ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လှုပ်ရှားမှုများ ယာယီအားဖြင့် ငြိမ်သက်သွားသောကြောင့် ယခု ကြေညာချက်ကို လှုပ်ရှားမှုများ ပြန်လည်စတင်ရန် ရည်ရွယ်၍ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်က ပြောသည်။

“အခု ကျနော်တို့လှုပ်ရှားနေတာဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့အတွက် လှုပ်ရှားနေတာ ဖြစ်တယ်။ အခုလှုပ်ရှားမှုတွေကနေ စပြီးတော့ ကျနော်တို့ လူထုအုံကြွမှုကြီးတခုဆီကို ဦးတည်ပြီးသွားမယ်။ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

ပြည်သူများ၏ ဒုက္ခဆင်းရဲအတွက် သံဃာတော်များက ရှေ့မှရပ်တည်ပြောဆိုလှုပ်ရှားနေခြင်း ဖြစ်သည့်အတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြစေလိုကြောင်းလည်း ကိုလှမျိုးနောင်က တိုက်တွန်းသည်။

“လူထုအများစုအနေနဲ့ သဘောပေါက်ဖို့က စစ်တပ်ကလိုက်လံဖမ်းဆီး ရိုက်နှက်ပစ်ခတ်နေတာ တွေကို အန္တရာယ်လို့ယူဆရင် ဒီစစ်အာဏာရှင်စနစ်ကို ဆက်ပြီး သက်ဆိုးရှည်ခွင့်ပေးလိုက်တာ ပိုပြီးအန္တရာယ်ကြီးလိမ့်မယ်” ဟု ၎င်းကပြောသည်။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီကို စက်တင်ဘာ (၂၇) တွင် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီတွင် ရဟန်းသံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားလူငယ်များ၊ ကဗျာဆရာများ၊ တေးရေးဆရာများ၊ ရှေ့နေများနှင့် ၈၈ မျိုးဆက်သစ် သတင်းစာဆရာများက ပါဝင်ဖွဲ့စည်းခြင်းဖြစ်သည်။

Read More...

Read More...



Read More...

တစ်နိုင်ငံလုံး ၀မ်းနည်းခြင်း ဆုတောင်းပွဲ ဆောင်ရွက်ကြဖို့ ။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မီတီမှ ကြေညာထားပါတယ်။

Read More...