စစ်သားနဲ့ စစ်တပ်ရဲ့အဓိကတာဝန်ကဘာလဲဆိုတာ မမေ့သင့်ဘူး။ မေ့နေရင် ပြောပြမယ်။ စစ်တပ်နဲ့စစ်သားရဲ့ အဓိကတာဝန်ကတော့ ကိုယ့်တိုင်းပြည်ကို တိုင်းတပါးရန်က အသက်ပေးကာကွယ်ဖို့ပါ။ ဒီလိုကိုယ့်လူထုကို သေနတ်ပြပြီးရိုက်ဖို့ မဟုတ်ဘူး။ သေနတ်ကိုင်ထားပြီးမှ ကိုယ့်လူထုကို ကိုယ်ပြန်ရိုက်ရဲတဲ့သတ္တိမျိုး စစ်သားမပြောနဲ့ ကလေးတောင် အဲလိုသတ္တိမျိုးရှိတယ်။

Friday, November 9, 2007

တို့ဗိုလ်ချုပ်က မှာခဲ့တယ်

“ဟေ့ … သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူကမိရင် ‘လက်’ အားရင် လက်နဲ့ထိုး၊ ‘ခြေ’ အားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ‘ပါးစပ်’ အားနေရင် ပါးစပ်နဲ့ ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့။” (ဗိုလ်ချုပ်အောင်ဆန်း - ဟိုင်နန်ကျွန်း၌ စစ်ပညာသင်စဉ် ပြောကြားခဲ့သောစကား)

Read More...

Thursday, November 1, 2007

ပုသိမ်တွင်သံဃာတော်များလမ်းလျှောက်ပွဲ ပြန်လည်စတင်

၁၊ နိုင်ဝင်ဘာ ၂၀၀၇

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် သံဃာတော်မျာ၏ ကံဆောင်သပိတ်အား ပြန်လည်စတင်ကြောင်းသတင်းရရှိပါသည်။

Read More...

ဒါကလည်း တမျိုးစိတ်ဝင်စားစရာကောင်းပါတယ်


Laser Flashlight Hack! - The top video clips of the week are here

Read More...

ဒါကိုကြည့်ပြီး ဒီထက်ကြီးတဲ့လက်နက် ထွင်နိုင်တယ်နော် မမေ့ကြနဲ့ ကိုယ့်ကိုချတဲ့လူကိုပြန်ချလို့ရအောင်ပေါ့


Make A Contact-exploding Bomb! - Funny blooper videos are here

Read More...

ပခုက္ကူသံဃာတော်များ မေတ္တာပို့ လမ်းလျှောက်ပွဲ ပြန်လည်စတင်



Read More...

Tuesday, October 30, 2007

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ပီညဲရိုးတို့ တွေ့ဆုံ

မစ္စတာ ပီညဲရိုးနှင့် ပီညဲရိုးအဖွဲ့မှ အဖွဲ ၀င် (၄)ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နေ့လည်တွင် ဆီဒိုးနား ဟိုတယ်တွင် တွေ့ဆုံနေတယ်လို့ သိရှိရသည်။ ထိုတွေ့ဆုံမှုတွင် မကြာသေးခင်က ပြန်လည် လွတ်မြောက်လာသူ တချို့နဲ့  တွေ့ဆုံခွင့်ရတယ်လို့ သိရှိရသည်။

ပြီးခဲ့သည့် ဆန္ဒပြပွဲဖမ်းဆီးခံရပြီး ပြန်လည် လွှတ်မြောက်လာသော နံမည်ကြီးခေါင်းဆောင်များပါ ပါဝင်ပြီး ဘုန်းတော်ကြီးအချို့လည်းပါသည်ဟု သိရသည်။

ဆုံဆည်းရာ

Rest of your post

Read More...

သားပျောက်တေး

သွေးနဲ့ ရေးမှ ဆေးမှင်ကြောင်
ရင်နဲ့သွေးခဲ့တယ် ရင်သွေး

အချစ်များစွာနဲ့  ပြစ်မှားမိခဲ့ပါတယ်

ကဗျာနဲ့ ငါ
အဖန်ငါးရာ ငါးကမ္ဘာ

သို့  …
မိစ္ဆာအတွက်ဖိတ်စာ

အ၀ီစိရဲ့အောက်
ငရဲကိုနောက်တထပ်တိုးဖို့
ပဉ္စမမျိုးဆက်သွေးနဲ့
ဒီကဗျာကို ငါရေးတယ် …။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)

Read More...

နအဖ (နိုင်ငံတော်အကြမ်းဖက်အဖွဲ့ကြီး) ၏ လူမဆန်သော လုပ်ရပ်များကို ရန်ကုန်ပြည်သူ့ဆေးရုံမှ ၀န်ထမ်းများ ဖော်ထုတ်







Read More...

Sunday, October 21, 2007

Read More...

Tuesday, October 9, 2007

လာလာချေသေး ..... လိမ်ဆင်လေးတွေ

လာလာချေသေး ..... လိမ်ဆင်လေးတွေ
ဤသတင်းကို နအဖ၏၀ါဒဖြန့်ချိရေး မြန်မာ့အလင်းသတင်းစာမှ ကူးယူဖြော်ပြသည့် ကိုနစ်နေမန်းမှ တဆင့်ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်သည်။ ၎င်းမူရင်းကိုအောက်တွင် ဖတ်ရှုနိုင်ပါသည်။
ရှေ့ဖုံးမှ
အဆိုပါ သြ၀ါဒခံယူပွဲသို့ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) မှ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးလှစိုးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူါ်များ၊ ရန်ကုန်တိုင်းသာသနာရေးမှူး ဦးစိုးနိုင်နှင့် ခရိုင်သာသနာရေးမှူးများ၊ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးလှဒေါင်း နှင့် ခရိုင်ဦးစီးမှူးများတက်ရောက်ကြသည်။
ရှေးဦးစွာ သြ၀ါဒခံယူပွဲကို နမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်သည်။ ထို့နောက် ရန်ကုန်တိုင်းအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှစိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ရိုသေလေးမြတ်စြွ လျှေက်ြထားအပ်ပါသည် ဆရာတော်အရှင်မြတ်တို့ဘုရား။
မကြာသေးမီက ရန်ကုန်တိုင်းအတွင်း မြို့အချို့တွင် သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့ကြောင့် အကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားခဲ့ပါသည်ဘုရား။ ဆူပူရာတွင် မပါဝင်သည့် ဘုန်းတော်ကြီးကျောင်းများကို ခြိမ်းခြောက်ခြင်း၊ လူအုပ်စုဖြင့်ဝိုင်း၍ ရေသန့်ဘူးများဖြင့် ပစ်ပေါက်စော်ကားခြင်းအပါအ၀င် ဆရာတော်မထေရ်ကြီးများကိုပင် ကိုယ်ထိ လက်ရောက် ပစ်မှားကျူးလွန်မှုများလည်း ဖြစ်ပွားခဲ့ပါသည်ဘုရား။


တားမြစ်

ထို့ကြောင့် သာသနာရေးဝန်ကြီးဌာန၀န်ကြီးက ၂၀၀၇ စက်တင်္ဘာ ၂၄ ရက်တွင် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ထံ ဖြစ်ရပ်မှန်များ လျှောက်ထားတင်ပြ ခဲ့ပါသည်ဘုရား။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ၎င်းနေ့မှာပင် ညွှန်ကြားချက်လွှာအမှတ် (၉၃) ကို ထုတ်ပြန်၍ ၀ိနည်းသိက္ခာပုဒ်နှင့် မညီသော အမူအကျင့်များကို တားမြစ်ခဲ့ပါသည်ဘုရား၊
အမိန့်ဖီဆန်
ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း ရန်ကုန်တိုင်းအတွင်းရှိ လိုအပ်သောမြို့နယ်များ၌ ပုဒ်မ ၁၄၄ ကို စက်တင်္ဘာ ၂၅ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်ဘုရား။ စက်တင်္ဘာ ၂၆ ရက်မှစ၍ နိုင်ငံရေးပါတီတခုနှင့် အခြားဆူပူမှုကို ဖန်တီးလိုသော ၈၈ မျိုးဆက်ဆိုသူပုဂ္ဂိုလ်မျး၏ စည်းရုံးသိမ်းသွင်းသွေး ဆောင်ခြင်းကိုခံထားရသည့် သံဃာတော်အချို့ ဆူပူမှုကိုဖန်တီးရန် ကြိုတင်မြှုပ်နှံထားသော သင်္ကန်းဝတ်အချို့နှင့်လူပုဂ္ဂိုလ်အချို့ ခေါင်းဆောင်ပါဝင်ခဲ့သော ဆူပူ လိုသူများသည် တရားသဖြင့် ထုတ်ပြန်ထားသော အဖိန့်ကိုဖီဆန်ကာ လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှုများကို ဆောင်ရွက်ခဲ့ပါသည်ဘုရား။

ကြိုးပမ်း
သို့ပါ၍ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို တာဝန်ယူရသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းခဲ့ရာ အကြမ်းဖက်လူစုလူဝေးက လူအင်အားသုံးပြီး လက်နက်များကိုလုယူရန်အထိ ကြိုးပမ်းအားထုတ်ခဲ့ပါသည်ဘုရား။

လိုက်နာ
ဤနေရာတွင် ထည့်သွင်းလျှောက်ထားလိုသည်မှာ နိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြကုန်သော လူ ပုဂ္ဂိုလ်သော်လည်းကောင်း၊ သာသနာ့ဝန်ထမ်းသော်လည်းကောင်း၊ နိုင်ငံတော်ကထုတ်ပြန်သည့် တရားဥပဒေ များကို လိုက်နာကြရမည်ဖြစ်ပါသည်ဘုရား။

မလွှဲမရှောင်သာ
မြေပြင်သတင်း မျက်မြင်တွေ့ရှိချက်နှင့် အခြားသော အထောက်အထားများအရ ဆူပူမှုကိုဖန်တီး ဦးဆောင်ခဲ့သော ဆူပူမှုတွင်ပါဝင်ခဲ့သော ဦးဂမ္ဘီရ၊ ဦးဝိစိတ္တ၊ ဦးသြဘာသ၊ ဦးပါကဋ၊ ဦးကောဝိဒ၊ ဦးဥတ္တရ၊ ဦးခန္တီ၊ ဦးကုသလ၊ ဦးအဂ္ဂ၀ံသ၊ ဦးနေမိန္ဒ၊ ဦးဉာဏတဇ၊ ဦးဥတ္တမ၊ ဦးသညိန္ဒ၊ ဦးဇနိန္ဒ၊ ဦးကုသလ၊ ရှင်ကန္ဒေရ၊ ဦးဝဏ္စသာရ၊ ဦးတေဇနိယ၊ ဦးကောဏ္ဏည၊ ဦးဇဋိယ၊ ဦးစန္ဒာဝရ၊ ဦးကေ၀လ၊ ဦးသောမန၊ ဦးအာစိတ္တ၊ ဦးပညာဇောတ၊ ဦးကောသလ္လ၊ ဦးပညာဝံသ၊ ဦးနန္ဒောဘာသနှင့် ဦးစဋိလဆိုသူတို့ သီတင်းသုံးရာ တောင်ဥက္ကလာပမြို့နယ် ငွေကြာယံပရိယတ္တိစာသင်တိုက်၊ ဓမ္မဇေယျကျောင်းတိုက်၊ ရွှေတောင်မော်ကျောင်းတိုက်၊ စတိလရာမ ကျောင်းတိုက်၊ တာမွေမြို့နယ်မှ ဓမ္မသုခကျောင်းတိုက်၊ ရန်ကင်းမြို့နယ်မှ မိုးကောင်းကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့နယ်မှ မဂ္ဂင်ကျောင်းတိုက်၊ ကျောက်စာတော်အရှေ့ကျောင်းတိုက်၊ ပညာတံခွန်ကျောင်းတိုက်၊ ဓမ္မဝေပုလ္လကျောင်းတိုက်၊ ရွှေကျင်တိုက်သစ်ကျောင်းတိုက်၊ ဗိုလ်တထောင်မြို့နယ်မှ မင်္ဂလာရာမ ကျောင်းတိုက်၊ ပညာရာမိကကျောင်းတိုက်၊ ဗဟန်းမြို့နယ်မှ သာသနာ့သိပ္ပံကျောင်းတိုက်၊ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်မှ တက္ကသီလာ ဇေယသိဒ္ဓိပဠာန်း ကျောင်းတိုက်၊ စသည့် ဘုန်းကြီးကျောင်းစုစုပေါင်း ၁၈ ကျောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ ရှာဖွေမှုများ ပြုလုပ်လာရပါသည်ဘုရား။

ဝမ်းနည်းဖွယ်ရာ
ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့သည့် ကျောင်းများအနက် အချို့ကျောင်းများတွင် ရဟန်းသံဃာတော်များနှင့် မအပ်စပ်သည့်မာတုဂါမများနှင့် တမိုးတယံတည်းအတူ နေထိုင်ခြင်း၊ ဆင်ဆာမဲ့ညစ်ညမ်းဗွီစီဒီ ၄၂ ချပ်၊ ညစ်ညမ်းဒီဗွီဒီတချပ်၊ ညစ်ညမ်းရုပ်ပုံစာအုပ်သုံးအုပ်၊ ညစ်ညမ်းပိုစတာနှစ်ခု၊ ညစ်ညမ်းဓာတ်ပုံလေးပုံ၊ ကာမသိဒ္ဒကျမ်းတစ်အုပ်၊ အမျိုးသမီးဓာတ်ပုံတပုံ၊ ကွန်ဒုံး ၁၀ ခု၊ ကွက်လပ်ဖြည့်ပါအားဆေးတစ်ထုပ်၊ ရော်ဘာလိင်တံတု (ခါးပတ်ပါ)တစ်ခု၊ ဖို/မ ဖက်ထားသည့် အဆောင်ရုပ်တုတစ်ခု၊ အမျိုးသမီးလုံချည် ၁၃ ထည်၊ အမျိုးသမီးအတွင်းခံဘောင်းဘီရှစ်ထည်၊ အမျိုးသမီးလက်ကိုင်အိပ်တစ်ခု၊ ရည်းစားစာ၊ ရေမွှေး၊ အလှဆီ သုံးပုလင်း၊ ပုဆိုးများ၊ တီရှပ်များ၊ ဂျင်းအင်္ကျီများ၊ ကော့လက်ဖုန်းနှစ်လုံး၊ ချေးငွေစာချုပ် သုံးစောင်၊ ရိုးလက်စ်ကျားပတ်နာရီတလုံး၊ အရက် ၁၀ ပုလင်း၊ ၉ မမ ကျည်တတောင့်၊ ဓားမျိုးစုံ ၁၈ လက်၊ သစ်သားနံချပ်ကူ သုံးချေင်း၊ ပုဆိန်တလက်၊ သစ်သားလက်ကိုင်ဒုတ် ခြောက်ခု၊ သံချောင်း တစ်ချောင်း၊ လေးခွ ၁၃ ခု၊ လောင်းကြေး အကြွေးစားရင်းပါ စာရွကစာတမ်းများ၊ ဘောလုံပွဲ ပွဲစဉ်ပါ စာအုပ် ၃၀ နှင့် ဘောလုံးပွဲလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ နှစ်လုံး သုံးလုံး ချဲထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်း၊ လယ်ဂျာ၊ ဖြတ်ပိုင်းစာအုပ်များ၊ ဖဲသုံးထုပ်၊ သွေးမော်ကွန်းခေါင်းစဉ်ပါ ဆန့်ကျင်စာကဗျာတစ်ပုဒ်၊ ညီညွတ်ကြလျှင်ခေါင်းစဉ်ပါ လှုပ်ဆော်စာတစ်ရွက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂအဖွဲ့ချုပ်စာရွက် သုံးရွက်၊ (၁၈၊ ၉၊ ၂၀၀၇) ရက်စွဲပါ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂအဖွဲ့မှ နိုင်ငံတော်အစိုးရထံ တောင်းဆိုထားသောစာများရေးသားထားသည့် ဒိုင်ယာရီစာအုပ်တစ်အုပ်၊ အင်န်အယ်ဒီ သတင်းမှတ်တမ်းမိန့်ခွန်းစာရွက်စာတမ်းများ၊ ခွပ်ဒေါင်းရင်ထိုးတံဆိပ်တခု၊ ၈၈ မျိုးဆက်သစ်အဖွဲ့၏ ၀ါဆိုသင်္ကန်းကပ်ဖိတ်စာများ၊ နာဇီခေါင်းစည်းတခု၊ အမေရိကန်ခေါင်းစည်းနှစ်ခုတို့ ရှာဖွေတွေ့ရှိခြင်းကို ၀မ်းနည်းဖွယ်ရာ ကြုံတွေ့ရပါသည်ဘုရား။

စိစစ်နေဆဲ
ဘုန်းတော်ကြီးကျောင်းများကို ရှာဖွေရာတွင် တွေ့ရှိခေါ်ဆောင်လာသူများအား လိုအပ်သော စစ်ဆေးမှု များပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်အထိ ဥပဒေနှင့်ညိစွန်းမှုမရှိသည့်ရဟန်း ၄၀၄ ပါး၊ သာမဏေ တစ်ပါး၊ အမျိုးသား ၁၅၈ ဦးနှင့် အမျိုးသမီး ၃၀ တို့ကို ပြန်လည်စေလွှတ်ခဲ့ပြီးဖြစ်သည့် အတွက် ရဟန်း ၁၀၉ ပါးနှင့် အမျိုးသား ၉ ဦးတို့ကိုသာ ဆက်လက်စိစစ်နေဆဲ ဖြစ်ပါသညါဘုရား။

ပုဇွန်တောင်ချောင်း
ဆူပူမှုဖြစ်ဉ်တခုလုံးတွင် ရဟန်းတော်များ ထိခိုက်ပျံလွန်မှုများရှိသည်ဟု ပြည်ပမီဒီယာများနှင့် ဆူပူ သောင်းကျန်းသူအဖွဲ့များက လုပ်ကြံထုတ်လွှင့်ပြောဆိုမှုများ ရှိခဲ့ပါသည်ဘုရား။ အမှန်တကယ်အားဖြင့်မူ နိုင်ငံရေးပါတီဆိုင်ရာ ဆေးမင်ကြောင်းများထိုးထားပြီး လည်ပင်းတွင်သင်္ကန်းပတ်ထားသည့် ပုဇွန်တောင်ချောင်းအတွင်းတွေ့ရသော အလောင်းတလောင်းသာလျှင်ဖြစ်ပါသည်ဘုရား။
ထိုအလောင်းမှာ သင်္ကန်းပတ်ထားသည့် အတုလုပ်ထားသော အလောင်းတလောင်းသာဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ပါသည် ဘုရား။

ယုတ်မာသောအကြံ
ပြည်တွင်းပြည်ပအဖျက်သမားများသည် ၎င်းတို့အကျိုးဆိုလျှင် ဘာသာ သာသနာကိုတောင်မှ အလွတ်မပေးဘဲ ကျောင်းသင်္ခန်းများ၌ ပရိယတ်၊ ပဋိပတ် အားထုတ်သင်ယူနေသော သံဃာများကို သွေးထိုးမြောက်ပင့်ပြီး လမ်းပေါ်ထွက်အောင် ပို့ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ သာသနာတော်နှင့် လုံးဝအပ်စပ်ခြင်းမရှိ။ ဗုဒ္ဒဘုရားရှင်မကြိုက်၊ သူတော်ကောင်းများမနှစ်သက်သည့် အဖျက်အမှောင့် ဆူပူအကြမ်းဖက်မှုများကို လုပ်ဆောင်စေလျှက်ရှိပါသည် ဘုရား။

Read More...

Saturday, October 6, 2007

ကြိုတင်လက်နက်ချရန်တောင်းဆိုထားသော စစ်အုပ်စု၏ တောင်းဆိုမှုအား NLD မှ ပါယ်ချ

5 - 10 - 2007
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပယ်ချလိုက်သည်။

သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲကို ဖြိုခွင်းရန် စစ်တပ်စေလွှတ်ခဲ့သည့်အတွက် နိုင်ငံတကာ၏ ဒေါသူပုန်ထမှုကို ရင်ဆိုင်နေရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်သည် ထိပ်တိုက်ရင်ဆိုင်မှုကို စွန့်လွှတ်ရမည်၊ အဖျက် အမှောင့် လုပ်ရပ်များ မပြုရ၊ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံခြင်းနှင့် “လုံးဝဥဿုံ ပျက်စီးစေခြင်း”အဆိုရှိ အမျိုးအမည် မသိရသည့် အရာကို ရပ်တန့်ရမည်ဟု တောင်းဆိုကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အေဘရာဟင် ဂန်ဘာရီက ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သည်။

“သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို သူ မကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ၀န်ခံခိုင်းနေတာပဲ”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။

ယမန်နေ့က အစိုးရ မီဒီယာများမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ထုတ်လွှင့်ခဲ့ သည်။

“မတွေ့ရသေးခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား အညံ့ခံခိုင်းနေမှတော့ ဒီတွေ့ဆုံမှုက ဘယ်လို အကျိုးရှိမယ်ဆိုတာ မြင်ဖို့ တော်တော်ခက်တယ်”ဟု ဂျော့တောင်းတက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်စတိန်းဘာ့ဂ်က ရိုက်တာ ရုပ်သံသတင်းတွင် ပြောကြားသည်။ “ဒါဟာ ဆိုက်ကို ပရိယာယ် တခုပဲ။ တချိန်တည်းမှာပဲ စစ်တပ်ဟာ ဘာကိုမှ ၀န်ခံတာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်”ဟုလည်း ဆက်လက် သုံးသပ်သည်။

ဟစ်တိုင်

Read More...

အောက်တိုဘာ ၆ ရက် ၂၀၀၇
ဆေးရုံကို အကျဉ်းစခန်းကနေ လူသေတွေ ခဏခဏရောက်လာတယ် ကျောအနောက်ပိုင်းမှာ အမဲစင်းစင်းလေးတွေနဲ့ အဲဒါကို တော်ရုံ ဆရာဝန်လေးတွေ ဘာမှန်းမသိဘူး Professor တစ်ယောက် ပြောပြမှသိတာက အဲဒါတွေက Electric Shock နဲ့ တို့ ထားတာတွေတဲ့ နောက်ပြီး ဆေးရုံကို ရောက်တဲ့ ဒဏ်ရာရလူစာရင်းတွေမှာ Gun Shot Wound ဆိုပြီး မှတ်ချက် ရေးထားတာတွေကိုလည်း Accident ဆိုပြီး ပြင်ရေးခိုင်းတယ် ဆရာဝန်တွေအားလုံးကတော့ ပြင်မရေးပေးနိုင်ဘူးဆိုပြီး တင်းခံထားတာပဲ၊ ဘုန်းဘုန်းတစ်ပါး အဲဒီ ဘုန်းဘုန်းဆိုရင် OT က ထွက်လာလာချင်းကို ဆေးရုံမှာရှိတဲ့ ဗိုလ်မှူးက သင်္ဃန်းဆွဲချွတ်ပြီး ဖမ်းခေါ်ဖို့လုပ်တာ ဆရာဝန်တွေနဲ့ ရှိရှိသမျှ ဆေးရုံက နာ့စ်တွေအားလုံး ၀ိုင်းတားတာ မရဘူး နောက်ဆုံး Professor ကိုယ်တိုင်က ဒီလူနာကို intensive ပေးရမှာ ခင်ဗျားတို့ နားမလည်ပဲ မလုပ်ပါနဲ့ဆိုလို့ အဲဒီမှာ ခဏထားခွင့်ရတာပါ။ ညနေလည်း ရောက်ရော အဲဒီဦးဇင်းကို လာခေါ်သွားတာပါပဲဟိုက ထတောင် မနိုင်ဘူး လိုက်သွားရတယ်ဟု ရန်ကုန်မြို့ခံတဦးမှ ပြောသည်။

ဆုံဆည်းရာ

Read More...

Friday, October 5, 2007

Read More...

စစ်ခွေးများမှပစ်ခတ်မှုကြောင့် ...ရန်ကုန်ဆေးရုံကြီးတွင်ဤသို့မြင်သိကြောင်း...

ရန်ကုန်ဆေးရုံကြီးသို့ယခုရက်များအတွင်း ရောက်ရှိနေကြသောလူနာများ



ဓမ္မတေးကို သွေးဖြင့်သီကျူးခဲ့ရသည်။

Read More...

Thursday, October 4, 2007

စက်တင်ဘာလ (၂၄) ရက်နေ့ က ကလေးမြို့မှ လူထုချီတက်ဆန္ဒ့ပြပွဲပါ။

Read More...

ပစ်သတ်ခံ ဂျပန်သတင်းထောက်အလောင်း ဂျပန်ပြန်ရောက်

အောက်တိုဘာ ၄ ရက် ၂၀၀၇။ AFP/HT
ရန်ကုန် ဆန္ဒပြပွဲတွင် ပစ်သတ်ခံခဲ့ရသော ဂျပန် ဓာတ်ပုံသတင်းထောက် ခန်းဂျီး နာဂါအိ၏ ရုပ်ကလာပ်ကို ယနေ့ ဂျပန်နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်သွားသည်။

နာဂါအိ၏ ကုမ္ပဏီက နာဂါအိ နောက်ဆုံး ရိုက်ကူးသွားခဲ့သော ဗီဒီယိုမှတ်တမ်းကို ပြန်ရရန် ကြိုးစားနေသည်။ အ၀တ်နီနှင့် ရစ်ပတ်၍ ပန်းစည်းတင်ထားသော နာဂါအိ၏ ခေါင်းတလားကို တိုကျိုအခြေစိုက် အေပီအက်ဖ် သတင်းဌာန အကြီးအကဲ တိုယူ ရာမာဂျီနှင့်အတူ နာရီတာ လေဆိပ်သို့ ရောက်ရှိလာသည်။

“သူ ရိုက်ခဲ့တဲ့ ဗီဒီယိုခွေကို သူ့အသက်အတွက် ပြန်ပေးဆပ်မှုအနေနဲ့ ကျနော် ပြန်လိုချင်တယ်”ဟု ယာမာဂျိ့ သတင်းထောက်များကို လေဆိပ်တွင် ပြောကြားသည်။ “အခု ကျနော်တို့ရဲ့ အကြီးဆုံး ကိစ္စက အဲဒီမှာ ဘာတွေပါလဲဆိုတာနဲ့ သူ့ရဲ့ နောက်ဆုံးနေ့မှာ လူတွေကို သူ ဘာပြောချင်ခဲ့တာလဲဆိုတာ အတည်ပြု ထုတ်ပြန်ဖို့ပါ”ဟု ဆိုသည်။

အသက် ၄၀ အရွယ် ၀ါရင့် ဓာတ်ပုံသတင်းထောက်သည် ပစ်သတ်ခံရချိန်က ဆိုနီ ကင်မရာကို သုံးစွဲခဲ့သည်ဟု ယုံကြည်သော်လည်း ရိုက်ကူးပြီး မှတ်တမ်းများကို ပြန်သိမ်းထားရန် သူ အသုံးပြုခဲ့သည့် ကန်နွန် ကင်မရာ တလုံးကိုသာ မြန်မာစစ်အစိုးရက ပြန်ပေးခဲ့ သည်။ မြန်မာစစ်အစိုးရက နာဂါအိသည် မတော်တဆ မှားယွင်းပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုင်းလေကြောင်းပိုင် လေယာဉ်ဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ သယ်ဆောင်လာသော နာဂါအိ၏ အလောင်းကို ခွဲစိတ်စစ်ဆေးရန် တိုကျိုဆေးရုံသို့ ပို့ဆောင်ပြီး အသက် ၈၂ နှစ်နှင့် ၇၅ နှစ်အရွယ် ဂီလာန မိဘနှစ်ပါးလည်း လာရောက် ကြည့်ရှုမည်ြ့ဖစ်သည်။

တိုကျို မြန်မာသံရုံးရှေ့တွင် ဂျပန်နိုင်ငံသားများနှင့် ဂျပန် ဘုန်းတော်ကြီးများ ရက်ဆက် ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။

မြန်မာစစ်အစိုးရ၏ အဓိက အလှူရှင် နိုင်ငံတခု ဖြစ်သည့် ဂျပန်နိုင်ငံမှ ဓာတ်ပုံသတင်းထောက်ကို ပစ်သတ်မိခြင်းသည် မြန်မာစစ်အစိုးရအတွက် စိတ်ကသိကအောက် ဖြစ်စရာ အမှားတခု ဖြစ်သည်။

Read More...

Wednesday, October 3, 2007

ဝတ်ပြုဆုတောင်းပွဲများကျင်းပ၍ လှုပ်ရှားမှုများ ပြန်လည်စတင်ရန် သံဃာတော်များနှင့် ကျောင်းသားများ စုပေါင်းကြေညာ

NEJ/ ၃ အောက်တိုဘာ ၂၀၀၇

စစ်အာရှင်များ၏ အကြမ်းဖက်မှုကြောင့် သာသနာတော်ထွန်းကားရေးနှင့် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အသက်ပေးလှူသွားကြသည့် ရဟန်းသံဃာတော်များနှင့် ကျောင်းသားများ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၀တ်ပြု ဆုတောင်းပွဲများကို တနိုင်ငံလုံး ကျင်းပသွားမည်ဟု လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီမှ ယနေ့ကြေညာချက် ထုတ်ပြန်သည်။

လူမျိုးအသီးသီးမှ သက်ဆိုင်ရာဘာသာများအလိုက် တန်ခိုးကြီးဘုရားများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီကျောင်းများ၊ ဘုံကျောင်းများတွင် အောက်တိုဘာ (၅) ရက်မှ (၇) ရက်အထိ (၃) ရက်တိတိ ဖယောင်းတိုင်များ ထွန်းညှိပူဇော်၍ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဆုတောင်းသစ္စာပြုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါနေ့များမှစ၍ နေအိမ်ရှိ ဘုရားကျောင်းဆောင်များတွင် သာသနာ့အလံတော်များ စိုက်ထူရန်လည်း ကြေညာချက်တွင် နှိုးဆော်ထားသည်။

၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် ကိုစိုးထွန်းက “ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ အာဇာနည် အပေါင်းအတွက် ကျနော်တို့ဟာ ဒီလိုဝတ်ပြုဆုတောင်းပွဲတွေကို နိုင်ငံတ၀န်းလုံးမှာရှိတဲ့ ဒေသ အလိုက် ဘုရားတွေမှာ ဖယောင်းတိုင် ထွန်းညှိပူဇော်ပြီး မေတ္တာပို့ဆုတောင်းကြဖို့ လိုပါတယ်။ သက်ဆိုင်ရာလူမျိုးအသီးသီးကလည်း ဘာသာအသီးသီးအလိုက် ၀ိုင်းဝန်း ဆုတောင်ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ပြောသည်။

မင်းဆိုးမင်းညစ်အောက်မှ အမြန်လွတ်မြောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာပါစေကြောင်း၊ မတရားဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းခံနေရသော သံဃာတော်များ၊ ကျောင်းသားလူငယ် များနှင့် ပြည်သူများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေကြောင်းနှင့် လွတ်မြောက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးတို့အတွက် သွေးစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း လေးလေးနက်နက်ဆုတောင်း သစ္စာပြုသွားကြမည်ဟု ကြေညာချက်တွင် ပါရှိသည်။

တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ပြောခွင့်ရသူ ကိုတင်ထူးအောင်က “ကျနော်တို့အနေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေမှာ လူစုလူဝေးလုပ်ခွင့်မရရင် အိမ်တွေမှာ အတတ်နိုင်ဆုံးလုပ်မယ်ဗျာ။ တဦးချင်းအနေနဲ့သော်လည်းကောင်း၊ အစုအဖွဲ့အနေနဲ့ သော်လည်းကောင်း ရအောင်လုပ်သွားဖို့ ကြေညာချက်ကို ထုတ်ပြန်တာပါ” ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လှုပ်ရှားမှုများ ယာယီအားဖြင့် ငြိမ်သက်သွားသောကြောင့် ယခု ကြေညာချက်ကို လှုပ်ရှားမှုများ ပြန်လည်စတင်ရန် ရည်ရွယ်၍ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်က ပြောသည်။

“အခု ကျနော်တို့လှုပ်ရှားနေတာဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့အတွက် လှုပ်ရှားနေတာ ဖြစ်တယ်။ အခုလှုပ်ရှားမှုတွေကနေ စပြီးတော့ ကျနော်တို့ လူထုအုံကြွမှုကြီးတခုဆီကို ဦးတည်ပြီးသွားမယ်။ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

ပြည်သူများ၏ ဒုက္ခဆင်းရဲအတွက် သံဃာတော်များက ရှေ့မှရပ်တည်ပြောဆိုလှုပ်ရှားနေခြင်း ဖြစ်သည့်အတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြစေလိုကြောင်းလည်း ကိုလှမျိုးနောင်က တိုက်တွန်းသည်။

“လူထုအများစုအနေနဲ့ သဘောပေါက်ဖို့က စစ်တပ်ကလိုက်လံဖမ်းဆီး ရိုက်နှက်ပစ်ခတ်နေတာ တွေကို အန္တရာယ်လို့ယူဆရင် ဒီစစ်အာဏာရှင်စနစ်ကို ဆက်ပြီး သက်ဆိုးရှည်ခွင့်ပေးလိုက်တာ ပိုပြီးအန္တရာယ်ကြီးလိမ့်မယ်” ဟု ၎င်းကပြောသည်။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီကို စက်တင်ဘာ (၂၇) တွင် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီတွင် ရဟန်းသံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားလူငယ်များ၊ ကဗျာဆရာများ၊ တေးရေးဆရာများ၊ ရှေ့နေများနှင့် ၈၈ မျိုးဆက်သစ် သတင်းစာဆရာများက ပါဝင်ဖွဲ့စည်းခြင်းဖြစ်သည်။

Read More...

Read More...



Read More...

တစ်နိုင်ငံလုံး ၀မ်းနည်းခြင်း ဆုတောင်းပွဲ ဆောင်ရွက်ကြဖို့ ။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မီတီမှ ကြေညာထားပါတယ်။

Read More...

ကျောင်းသားသမဂ္ဂ သီချင်း

ကျောင်းသားသမဂ္ဂ

တိုင်းပြည်ကိုရှေ့ဆောင်ကာ တို့ကျောင်းသားတွေသည် စံနမူနာယူကျောင်းသားသမဂ္ဂတို့ဖြစ် သည် ကမ္ဘာတ၀ှမ်းမှာ မြန်မာစွမ်းတာ မော်ကွန်းတင်ပါသည် တို့တတွေသွေးစည်းညီ

မြန်မာပြည်ဆိုင်ရာကျောင်းသားသမဂ္ဂသည် ရာဇ၀င်တွင်လောက်ပေသည် တော်လှန်ရာတွင် ရှေ့ကပင်ဦးထိပ်တည် သက်စွန့်ကျိုးပမ်းထမ်းရွက်ခဲ့ပေသည် ကိုယ်ကျိုးအတွက်ကိုမငှဲ့ကွက်နိုင်ပါသည် ကျောင်းသားများရဲ့ကောင်းကျိုးကိုသာ ထမ်းရွက်သည် ညီညီညာညာတို့အလံတော် အောက်ကိုဝင်ကာချီ တို့ကျောင်းသားတွေညီကြသည် ဟေ့

တိုင်းပြည်ကိုရှေ့ဆောင်ကာ တို့ကျောင်းသားတွေသည် စံနမူနာယူကျောင်းသားသမဂ္ဂတို့ဖြစ် သည် ကမ္ဘာတ၀ှမ်းမှာ မြန်မာစွမ်းတာ မော်ကွန်းတင်ပါသည် တို့တတွေသွေးစည်းညီ

ကျနော်မှတ်မိသလောက်လေးပါပဲ မပြည့်စုံရင်ခွင့်လွှတ်ပေးကြပါခင်ဗျား

Read More...

ရန်ကုန်မြို့လား လူသတ်ကွင်းလား

Read More...

Read More...

Read More...

Read More...

BOYCOTT CHINA

Read More...

Tuesday, October 2, 2007

ရဲဘော်ဖိုးသံချောင်း၏အမြင်

ဘွာမကူတမ်း
ဒီနေ့ နအဖကျူးလွန်နေတဲ့ အပြစ်တွေဟာ ကမ္ဘာမှာ မော်ကွန်းထိုးရမယ့်၊ မြန်မာသမိုင်းမှာ မှတ်တမ်းတင်ရမယ့် ရက်စက်ယုတ်မာမှုကြီးဖြစ်ပါတယ်။ သာမန်လူသတ်မှုမဟုတ်ပါဘူး။ ဒါကြောင့် ဒီသံဃာတော်နဲ့ လူအမြောက်အများကို သတ်ဖြတ်မှုမှာ သမိုင်းတရားခံဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ရှာဖွေမှတ်တမ်း တင်ဖို့ လည်းလိုပါတယ်။ ဒီတခါအရေးတော်ပုံ ဘယ်လိုပဲအဆုံးသတ်သည်ဖြစ်ပစေ ကျန်ရစ်သူတွေဟာ ဒီတာဝန်ကြီး ထမ်းဆောင်ကြရပါမယ်။

မှန်ပါတယ်။ နအဖထဲမှာ ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို နံပတ် ၁ ဗိုလ်သန်းရွှေရဲ့ သဘောတူညီချက် မပါပဲ မချမှတ်နိုင်ပါဘူး။ ဒါပေမဲ့ တခြားတယောက်က အကြံပေး၊ ဗိုလ်သန်းရွှေက အတည်ပြုဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သေချာတာက နအဖဟာ ဒီကိစ္စဘယ်သူ့ အကြံဥာဏ်၊ ဘယ်သူ့လက်ချက်ဖြစ်တယ်ရယ်လို့ အမှန်အတိုင်း ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။ ဒါဟာ ၁၉၆၂ ခုနှစ်၊ ၇ ရက်ဇူလိုင် အရေးအခင်းကစလို့ ကနေ့အထိ စစ်အုပ်စုတလျှောက်လုံး လုပ်ခဲ့တဲ့ အစဉ်အလာ၊ လုပ်ထုံးလုပ်နည်းပါ။
ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ အပြန်အလှန်ပုံချတာကို ဗမာပြည် ပြည်သူတွေမမေ့ပါဘူး။ နေပြည်တော် ပြောင်းတဲ့ကိစ္စ၊ ဒီစက်တင်ဘာလူသတ်ပွဲ စတာတွေကို သူတို့ချင်းကွဲကြတဲ့အခါ၊ အထူးအဖြင့် အဓိကတရားခံ ဖြစ်သူ ကံနိမ့်လာပြီထင်တဲ့အခါမှာ ကျန်တဲ့လူတွေထဲက ဖော်တာတွေ ဖြစ်လာနိုင်ပါတယ်။

နောက်တချက် သတိထားသင့်တာက စစ်အုပ်စုဟာ သူတို့ရဲ့ဆက်ခံသူတွေကို ဒီလိုလူသတ်ပွဲတွေထဲမှာ လေ့ကျင့်မွေးမြူ ဆံကာတင် စစ်ယူလေ့ရှိတယ် ဆိုတဲ့အချက်ပါ။ ရှစ်လေးလုံးနဲ့ ဒီပဲယင်းအရေးအခင်းတို့မှာ လက်စွမ်းပြခဲ့တဲ ဗိုလ်စိုးဝင်းကို မှတ်မိကြမယ်ထင်ပါတယ်။ ဒါဟာ ထိပ်ပိုင်းမှာသာမကဘူး အောက်ခြေ တပ်သားအထိ အဲဒီလို ရာထူးတွေ အခွင့်အရေးတွေပြပြီး လူလွန်မသားတွေသာ ကျူးလွန်တဲ့ပြစ်မှုတွေကို ကျူးလွန်ခိုင်းကြတယ်။ ဒါကြောင့်မို့ နအဖကဖန်တီးလာတဲ့ ဒီရက်စက်မှုမှာ ဖြစ်နိုင်ရင် သူတို့အားလုံးရဲ့ တဦးချင်းအခန်းတွေကို ကျူးလွန်ခိုင်းကြတယ်။ ဒါကြောင့်မို့ နအဖက ဖန်တီးလာတဲ့ ဒီရက်စက်မှုမှာ ဖြစ်နိုင်ရင် သူတို့အားလုံးရဲ့ တဦးချင်းအခန်းတွေကို လေ့လာမှတ်တမ်းတင်တင့်ပါတယ်။
တဖက်မှာကျတော့လည်း စစ်အုပ်စုဟာ သူတို့အကျဉ်းအကြပ်ကျပြီဆိုရင် တယောက်ယောက်ကို ဓားစာခံအဖြစ် ပုစွန်ခေါင်းပုံချပြီး တရားခံ ဖန်တီးတတ်တယ်ဆိုတာလည်း သိတိထားဖို့လိုပါတယ်။ အခုကိုပဲ ဘယ်တပ်မကကောင်းတယ်၊ ဘယ်တပ်မက မကောင်းဘူး၊ ဘယ်တပ်မှူးက ကောင်းတယ်၊ ဘယ်တပ်မှူးက မကောင်းဘူး စတဲ့ ကောလဟာလတွေ ထုတ်လွှင့်ပြီးလူတွေနားယောင် မျက်စိလည်အောင်လုပ်နေကြတယ် မဟုတ်လား။
သမိုင်းကို ပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ သူတို့ ဒီလိုယုတ်ယုတ်မာမာ တရားမရှိ၊ ဓားမရှိလုပ်တိုင်း ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မပြောပါဘူး။ ပြည်တွင်းပြည်ပကို အသိပေးတာလည်း လုပ်လေ့မရှိပါဘူး။ ဒါဟာ န၀တ - နအဖ တို့လက်ထက်မှာ ပိုဆိုးလာတယ်။ ဒီပဲယင်းကိစ္စပဲပြန်ကြည့်ပါ။ အမှန်မပြောယုံမက ပါးစပ်က ရေငုံထားပြီး သူတို့ပိုင်း မီဒီယာတွေကနေ ဘယ်သူမှ မယုံတဲ့၊ သူတို့ကိုယ်တိုင်လည်း မယုံကြည်တဲ့ သတင်းတွေ၊ အချက်အလက်တွေကို လျှောက်ထုတ်ပြန်တော့တာပါ။
ဒါပေမယ့် မမေ့ပါနဲ့။ ဗမာပြည် ပြည်သူတွေဟာ မင်းဆိုး၊ စနစ်ဆိုးတွေကို ရေတို - ရေရှည် တိုက်ခိုက်တွန်းလှန်ခဲ့ တွန်းလှန်နိုင်ကြောင်း သက်သေပြခဲ့ပါပြီ။ တိုက်ပွဲသဏ္ဍာန် အမျိုးမျိုးပြောင်းပြီးလည်း တိုက်တတ်ပါတယ်။
ရှေ့တကွေ့ပါ။
ရဲဘော်ဖိုးသံချောင်း

Read More...

ပေသီးလုပ်တမ်းကစားရအောင်

ဓမ္မမိတ်ဆွေတို့ရေ ၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်မှာ မီးပန်းတွေ ၊ ပေသီးတွေ၊ ဗျောက်အိုးတွေ ဖေါက်ကစားခဲ့တာ မှတ်မိဦးမှာပေါ့နော်။ ဗျောက်အိုးထဲမှာ မိုးသီးအကြိုက်ဆုံးကတော့ တရုပ်တန်းက၀ယ်ရတဲ့ စောဖေ တံဆိပ်ပဲ။
၈၇ခုနစ် ငွေစက္ကူတွေဖျက်သိမ်းတုန်းက ကျောင်းတွေပိတ်တယ်။ ကျောင်းတွေပြန်ဖွင့်တော့ ကွန်ဗိုကေးရှင်း ထဲမှာ စာမေးပွဲဖြေရတယ်။ ဟောခန်းကြီးထဲမှာ ကျောင်းသား ၄၀၀ခန့်ရှိတယ်။ ပါတီကောင်စီက ငနဲတွေက ဟောခန်းကို ပတ်ပတ်လည် စောင့်နေကြတယ်။ ဒီအချိန်မှာ ကွန်ဗိုကေးရှင်း ဟောခန်းကြီးတခုလုံး တုန်ဟီးသွားတဲ့ ဗျောက်အိုး တွေ တခုပြီးတခု ပေါက်ကွဲထွက်လာတယ်။ အားလုံးလန့်ဖြန့်သွားကြတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။
ဒီလိုဖေါက်လိုက်တဲ့သူက အီစကိုပဲပေါ့။ ငွေစက္ကူ ဖျက်သိမ်းတာကို ကန့်ကွက်ပြလိုက်တာလေ။ နောက်ပြီးတော့ တက္ကသိုလ်စာမေးပွဲကို ဂတ်စတာပို အကျဉ်းစခန်းတခုလို ပါတီကောင်စီတွေ ထောက်လှမ်းရေးတွေ လာရောက်စောင့်ကြပ်နေတာကို မိုးသီးသိပ်စိတ်ဆိုးတယ်။ ဒါကြောင့်တရုပ်တန်းက စောဖေတံဆိပ် ဗျောက်အိုး လေးငါး ခြောက်လုံးကို ဆေးလိပ်မီးနဲ့ တို့ပြီးဖေါက်ခွဲပေးလိုက်တာ။
ဗျောက်အိုးလိုပဲ ဖေါက်လိုကောင်းတာကတော့ စက်ဘီးစမုတ်တံခေါင်း တို့ သော့ဟောင်း တို့ နဲ့ ဖေါက်တဲ့ နည်းစနစ်ပဲ။ စမုတ်တံခေါင်းပဲဖြစ်ဖြစ်၊ သော့ဟောင်းတခုပဲဖြစ်ဖြစ် ရရင်။ အခေါင်းထဲကို မီးခြစ်ဆံယမ်းတွေ ခြွေပြီးထည့်တည်။ ပြီးရင်သံချောင်းထဲ့ပိတ်ပြီး။ ပေတရာလမ်းမမှာ အပြိုင်အဆိုင်ဗျောက်ဖေါက်ခဲ့တာ ရင်ခုန်စရာ ကောင်းလှတယ်။
မိုးသီးတို့ ငယ်ငယ်ကဆို ကောင်းမလေးတွေလာတဲ့အချိန် ကျမှာ ဗျောက်အိုးကိုလက်ထဲကိုင်ပြီးခွဲပြ လိုက်ရတာ ။ အရသာတမျိုးရှိတယ်။ အဒေါ်ကြီးတွေက တော့ အမလေးတော့ တို့ ဘုရားကြီးငုတ်တုတ်ထ တို့ ပါးစပ်ထဲရှိတာတွေ ယောင်ကြပေါ့။ သေနာလေးတွေ လို့မေတ္တာပို့ကြလည်း မိုးသီးတို့ ခံယူဘူးပါတယ်။
အခုလည်း သီးတင်းကျွတ် ခါနီးပြီဆိုတော့ ဗမာပြည်ကိုသတိရတယ်။ ဗျောက်အိုးဖေါက်ခဲ့တဲ့ဘ၀ကို တမ်းတလှတယ်။ ဒီတော့ ဓမ္မမိတ်ဆွေတွေနဲ့ အပေါင်းအသင်းဟောင်းတွေကို အောင်းမေ့သောအားဖြင့်
မိုးသီး အကြိုက်ဆုံးပေသီးလုပ်နည်းလေးကို မေတ္တာရှေ့ထားပါးလိုက်ပါတယ်။

ပေသီးလုပ်တာလွယ်လွယ်လေးပါ။


ကန့် နဲ့ သကြားရရင်ရတယ်။ ကန့်ကို ဆာလဖါလို့လည်းခေါ်တယ်။ အရောင်က အ၀ါရောင်နုနုလေး။
ကန့်  ကို ညက်အောင်ထောင်း။ သကြားကိုလည်း ညက်အောင်ထောင်း။ ပေါင်ဒါမှုန့်နီးပါးရအောင် ထောင်းရမယ်နော်။ ပြီးရင် ကန် ၈ ဆနဲ့ သကြား ၁ ဆ ကို ရောရမယ်။ အချိုးဆက - ကန့်က ဇွန်း နဲ့ ရှစ်ဇွန်းဆိုရင် သကြားက တစ်ဇွန်းပေါ့။ ဖန်ခွက်နဲ့ ချိန်ရင်လည်း ကန့် ၈ ခွက် ဆိုရင် သကြားက တခွက်ပေါ့။ အလေးချိန်နဲ့ ဆိုရင် ကန် ၈ ကျပ်သား ဆိုရင် သကြား ၁ ကျပ်သားပေါ့။ ဒီအချိုးစားတိုင်းတာရှိပါစေ။ ကိုက်တာနဲ့ ခ်ျိန်တွယ်နိုင်တယ်။
ရောတဲ့အခါမှာ အရင်စလိုမလုပ်နဲ့ အရမ်းကာရောမွှေတာမျိုး မလုပ်ရဘူးနော်။
( လက်ဝါးထောင်ပြီး။ ဒီလိုမလုပ်ပါဘူးလို့ ကတိပြုလိုက်စမ်း) ။ ဖြေးဖြေးသမအောင်မွှေ၊ ဖြေးဖြေးရော။ ခပ်ပြင်းပြင်းမွှေလိုက်ရင် ထပေါက်တတ်လို့ပဲ။ သူကသိပ်ပြင်းနေပြီလေ။
ကန့်နဲ့ သကြား အချိုးဆတိုင်းရောပြီးရင် စက္ကူ ထဲကိုထည့် ၊ ခဲလုံးသေးသေးလေးတွေ ထည့်
ပြီးရင်စက္ကူကို အထပ်ထပ်ပိတ် အလုံးလေးပုံ ( လောက်စလုံးခန့် ) ရအောင်လုံးပေါ့။ စက္ကူမကွာအောင်
လေလုံအောင် ကော်နဲ့ ကပ်လိုက်ပေါ့။ လေလုံလေ အသံမြည်လေပဲ။ လေးခွနဲ့ ထည့်ပစ်ရင်၊ ဒါမှမဟုတ်ပေတရာကို ပစ်လိုက်ရင် ဖြောင်းဆိုအလွန်အောင်တဲ့ အသံကိုရလိမ့်မယ်။
ဥပမာ ကန့် နဲ့ သကြား အချိုး ညီအရော ( ကန် ၈ ဆ၊ သကြား ၁ ဆ) ကို
သံပိုက်ထဲထည့် ၊ ပုလင်းထဲထည့် အဖုံးကို လေလုံအောင်ပိတ် မယ်။ သံပိုက်ဆိုရင် ၈ လက်မလောက်ဖြတ်ပြစ်။
သံပိုက်ထဲကို ကိုသံတိုသံစတွေ ခဲလုံးတွေ၊ ဖန်ကွဲ စတွေထည့်ပြီး နှစ်ဖက်ကိုပြန်ပိတ်။ တွင်ခုံမှာ အဖုံးနှစ်ဖက် လုပ်ပြီးပိတ်ပိတ်။ သစ်သားစနဲ့ စို့ပြီးပြန်ပိတ်ပိတ် ရတယ်။
အဓိက လေလုံဖို့ နဲ့ ကြပ်ကြပ်ရှိဖို့ပဲ။ ဒီလိုလုပ်ပြီးရင်လိုရာကို ပစ်ခွဲလိုက်ရင် အလွန်ပြင်းတဲ့ မဟာဗျောက်အိုးကြီး ဖြစ်လာလိမ့်မယ်ကွဲ့။ ဆွေးမျိုမေ့သွားမယ်မှတ်။
စိတ်ချလက်ချသုံးစွဲတော်မူပါ။ ဒါဟာ အရွယ်ရောက် ဓမ္မမိတ်ဆွေတွေ အတွက်ပဲဖြစ်တယ်။ ( ကလေးတို့ ရေ... ဒီနည်းကိုတော့လူကြီးတွေ အိမ်မှာ မရှိတုံး မစမ်းရဘူးနော်။ ကလေးတွေ မလုပ်ပါဘူးလို့ ဦးဦးကိုကတိပြုစမ်း။ )


ပုလင်း ဗျောက်အိုး။

နောက် ကျနော်အကြိုက်ဆုံး ဗျောက်အိုးကတော့ ဓါတ်ဆီပုလင်း ပဲ။
ဓါတ်ဆီပုလင်းထဲကို ဓါတ်ဆီ သုံးပုံ နစ်ပုံခန့်ထည့်။ အ၀တ်စတစ မီးစာအဖြစ်နဲ့ ပုလင်းထဲကိုထည့်။ မီးစာက ပုလင်းဝနဲ့ ခပ်ချောင်ချောင်လေး ဖြစ်နေရမယ်။ လေရအောင်လုပ်ရတဲ့သဘော။ သိပ်ချောင်ရင်လည်းမကောင်းဘူး။ မီးဇာ ကို သိပ်တိုလွန်းရင်မကောင်းဘူး။ ရှည်တာကတော့ရှည်နိင်တယ်။
ဒီဗျောက်အိုးလေးကို ပစ်ခါနီးမှာ မီးရှို့လိုက်ပြီး ပစ်ရုံပါပဲ။
တိုက်ခေါင်းမိုးကနေ အောက်ကလာတဲ့ ကားနဲ့ လာတဲ့ တစ္ဆေ သရဲတွေ တွေကို ပစ်လိုက်ရုံပါပဲ။
လေးငါးဆယ်လုံး အရံသင့် လုပ်ထားဖို့လိုတယ်။ လူ သုံးယောက်လောက်ဆိုရင် ဒီဗျောက်အိုး ဖေါက်နည်းက အလွန် လုံခြုံမှုရှိပြီး ပျော်ဖို့သိပ်ကောင်းတယ်။

ကားဘီးဖေါက်တမ်းကစားမယ်။

နောက် မိုးသီးတို့ နစ်သက်တဲ့ အားကစားတခုကတော့ ၆ လက်မသံချောင်းတွေ
ပျဉ်ပြားမှာ ရိုက်ပြီး ညဖက်မှာ ကားလမ်းပေါ်ချထားတဲ့နည်းပဲ။ ဒီနည်းနဲ့ မိစ္ဆာကားတွေကို
ရှေ့ဆက်လို့ မရအောင် ၈၈ တုံးကလုပ်ခဲ့တာပေါ့။ ဒီလိုလုပ်တဲ့အခါမှာတော့ ရပ်ကွက်တွေနားမှာ
လုပ်လေ့မရှိဘူး။ ရပ်ကွက် ကလူတွေကို ရန်မရှာနိင်အောင် ခပ်ဝေးဝေးကြီးမှာ သွားချထားလိုက်တယ်။
ညဖက်မှာ ဒိုင်းကနဲ့ ပေါက်သွားတဲ့ ကားဘီးပေါက်သံ က သိပ်နားထောင်လို့ကောင်းတယ်။
ဖြူဖြုကျော်သိန်း အသံလိုပဲ ။

Read More...

ဗုဒ္ခဘာသာ ရဟန်းတော်တွေကိုမပစ်ခတ်ပဲ နအဖရဲ့အမိန့်ကိုဆန့်ကျင်တဲ့ တပ်မှူးတဦးနယ်စပ်ကို ထွက်ပြေးခဲ့

အောက်တိုဘာ ၂ ရက် ၂၀၀၇
နအဖရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတရင်းမှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဌေးဝင်းသည် စက်တင်ဘာလ ၂၆ ရက်နေ့က သူ၏ သားတယောက်နှင့်အတူ ထိုင်း -မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု KNU မှ ဗိုလ်မှူးကြီး စောနေဒါးမြက အတည်ပြု ပြောသည်။
“ဗိုလ်မှူးဌေးဝင်းကို သူ့အထက်အရာရှိတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေတဲ့ ဘုန်ကြီးတွေကို ပစ်ဖို့အမိန့်ပေးတယ်။ ဒါပေမဲ့ သူဟာအပြစ်မရှိတဲ့ ဘုန်းကြီးတွေနဲ့အရပ်သားတွေကို မပစ်ဘူး။ အဲဒီတော့သူ့အထက်လူကြီးတွေက သူ့ကိုမဖမ်းနိုင်ခင် မှာ သူက သားတယောက်ကို ခေါ်ပြီးတော့ အရင်ထွက်ပြေးလာနိုင်တယ်။” ဟု ဗိုလ်မှူးကြီးစောနေဒါးက ပြောသည်။
ဗိုလ်မှူးဌေးဝင်းက ပြောတယ်။ စစ်တပ်ထဲမှာ အရာရှိတွေကော၊ ရဲဘော်တွေပါ ဘယ်သူမှမနေချင်တော့ဘူး။ ဒါပေမဲ့ သူတို့ကို တပ်ကလည်းထွက်ခွင့်မပေးဘူး။ ထွက်ပြေးလာဖို့ကလည်း အဆက်အသွယ်မရှိတော့၊ နယ်စပ်ဖက်ကိုရောက်လာရင် သူတို့ရဲ့ အသက်အန္တရာယ်ဖြစ်မှာ ကြောက်ပြီးတော့ မပြေးရဲကြတာလို့ ပြောတယ်။ အခုလို အစစအရာရာ ကူညီမှန်းသိရင် နောက်ထပ်အများကြီး ထွက်ပြေးလာကြအုံးမယ်လို့ ဗိုလ်မှူးဌေးဝင်းက ကျွန်တော့ကိုပြောပြတယ်။” ဟုဗိုလ်မှူးကြီး စောနေဒါးမြ က ပြောပြသည်။
ဗိုလ်မှူးဌေးဝင်းသည် သူ၏သားနှင့်အတူ တတိယနိုင်ငံတနိုင်ငံသို့ သွားရောက်ခိုလှုံရန် အစီစဉ်ရှိသည်ဟု ဗိုလ်မှူးကြီး စောနေဒါးမြ ကပြောပြသည်။

အန်ဒမန်ဟီးရိုး

Read More...

အောက်တိုဘာလ ၂ ရက်၊ ၂၀၀၇ ခုနှစ်။

မန္တလေးအခြေအနေ
(သံဃာတော်များ ပြန်ကြွပြီ၊ လုံခြုံရေး၊ လမ်းတချို့ ပြန်ဖွင့်၊ ကျောင်းတချို့ ပိတ်ပြီ)

မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ (သတင်းရယူချိန်)

သံဃာတော်များ ပြန်ကြွပြီ

“ဒီနေ့က တော်တော်ငြိမ်သွားပြီ။ အခုဆို ကားဂိတ်တွေတိုင်းမှာ သံဃာတော်တွေ အပြည့်ပဲ။ ဟိုရက်တွေကဆို ပိုများတယ်။ သူတို့ကလည်း ဒီရက်တွင်းမှာ ကျောင်းရှိရင် ကျောင်းကိုပြန်၊ အိမ်ရှိရင် အိမ်ကို ပြန်ပေါ့ဗျာ၊ အကုန်လုံး ပြန်ကြရရှာပြီ။ မဟုတ်ရင်လည်းပဲ နိုင့်ထက်စီးနင်း ဝင်စီးတာတွေဖြစ်ရင် သွေးထွက်သံယိုတွေ ဖြစ်မှာဆိုတော့လေနော်။ အခုတော့ ခဏ၊ ယာယီပေါ့ဗျာ။ ဆိုတော့ ဘာဖြစ်လဲဆိုရင် နယ်မြို့တွေမှာ ဘာတွေဖြစ်လဲဆိုရင် ဓာတ်ပုံထဲပါတဲ့ဟာတွေ။ ဆန္ဒပြပွဲမှာ ဦးဆောင်တဲ့လူတွေကို တစိမ့်စိမ့် လိုက်ဆွဲနေတာပေါ့လေ။ အနည်းအကျဉ်းပေါ့နော်၊ အများကြီးတော့ မဟုတ်ပါဘူး”

လုံခြုံရေး

“လုံခြုံရေးက အခုဆိုရင် ပိုများလာတယ်။ ဥပမာဆိုရင် စည်ပင်သာယာ ရုံးနားတဝိုက်မှာ အရင်တုန်းကဆိုရင် မရှိခဲ့ဘူးလေ။ အခုဆိုရင် တွေ့ခဲ့တဲ့လူတွေ ပြောတာ မန္တလေး စည်ပင်သာယာရုံးရဲ့ ဘေးချင်းကပ်ရက်က အမေရိကန်သံရုံးပိုင်နယ်မြေနား တဝိုက်မှာ ဆိုရင် အစောင့်တွေ တော်တော်များများ ချထားတယ်လို့ ပြောတယ်။ နောက် ဗထူးကွင်းလို နေရာမှာတွေ လည်း အများကြီးချထားတယ်လို့ ပြောတယ်။ တစုတစုကို မရှိပါဘူးဆိုရင်လည်း အနည်းဆုံးတော့ ၃-၄-၅ဝ ရှိမှာပေါ့။ တမြို့လုံးနီးပါးကို ချထားတယ်။ အမျိုးမျိုးပေါ့ဗျာ။ သူတို့ တွက်ဆတာတွေကိုလည်း ကိုယ်ကလက်လှမ်းမမှီပါဘူး။ အရှေ့ပြင် ဘက်ခြမ်းတွေကနေလည်း ထွက်လာတယ်၊ လူစုတယ်ဆိုရင် အဲဒီဘက်မှာ လက်နက်ကိုင်တဲ့ လုံခြုံရေးတွေ ချထားတယ်။ လုံခြုံရေးကတော့ တင်းတင်းကျပ်ကျပ်လေး ချထားတယ်”

လမ်းတချို့ပြန်ဖွင့်

“အရင်ရက်က ပိတ်ထားတဲ့လမ်းတွေကိုတော့ ပြန်ဖွင့်လိုက်တာ ရှိတယ်။ အရင်တုန်းကဆို ၃၃ လမ်းတို့၊ ၃၄ လမ်းတို့ကို ပိတ်ထားတာရှိပေမယ့် အခုဆို ပြန်ပွင့်သွားပြီ။ ၃၅ လမ်းကိုတော့ ပိတ်ထားတုန်းပဲ။ ဘုန်းကြီးကျောင်းနားတဝိုက် စောင့်ကြည့် နေတာတွေတော့ အရင်အတိုင်းပဲ။ ဒါပေမဲ့ အရင်တုန်းကထက်စာရင် သက်တောင့်သက်သာ ရှိသွားပုံပဲ။ အေးအေးဆေးဆေးပဲ။ ဟတ်စ်ကီးတော့ တနေ့ကအထိတော့ ဝဲတယ်။ မနေ့ကတော့ မကြားရတော့ဘူး”

ကျောင်းတချို့ ပိတ်ပြီ

“မနေ့က စကြားတာကတော့ ဂျီတီစီ (အစိုးရနည်းပညာကောလိပ်) တလပိတ်တယ်လို့ ကြားတယ်။ မန္တလေးမြောက်ဘက် အိုးဘို ရွှေကျင်မှာ ရှိတဲ့ကျောင်းလေ။ အဝေးသင်တွေလည်း ၆ လလောက် နောက်ဆုတ်လိုက်တယ်တဲ့”

နယူးဒေလီတွင် သံဃာနှင့် ကျောင်းသား စုပေါင်းဆန္ဒပြ
မြန်မာစံတော်ချိန် ၂ နာရီ (သတင်းရယူချိန်)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် မြန်မာကျောင်းသားများနှင့် သံဃာတော်များမှ ပူးတွဲဦးဆောင်၍ အကြမ်းဖက် နအဖ စစ်အစိုးရကို ဆန့်ကျင် ရှုတ်ချသည့် ဆန္ဒပြပွဲတရပ်ကို ယနေ့ ကျင်းပ ပြုလုပ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်နှင့် မဇ္ဈိမဒေသရောက်စာသင်သား မြန်မာသံဃာတော် ၅၃ ပါးမှ ဦးဆောင်ကျင်းပသည့် အဆိုပါဆန္ဒပြပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ တိဘက်၊ မွန်ဂိုလီးယားနှင့် အိန္ဒိယနိုင်ငံသား သံဃာအချို့လည်း ပါဝင်တက်ရောက်လာကြကာ စုပေါင်း၍ပရိတ်ရွတ်ဖတ်ကြသည်။
ဆန္ဒပြပွဲသို့ မြန်မာ့ ဒီမိုကရေစီ အင်အားစုများမှ လူအင်အား ၂ဝဝ ကျော်လည်း ပါဝင် တက်ရောက်ကြောင်း သိရသည်။

ရန်ကုန်မြို့ အခြေအနေ
(ရှာဖွေရေး၊ ရွှေတိဂုံ၊ ပြာယာခတ်နေသူများ၊ လုံခြုံရေး၊ ငွေပေးရင် လွှတ်ပေးတယ်)

မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ (သတင်းရယူချိန်)

ရှာဖွေရေး

“ဒီနေ့တော့ အားလုံးက ပုံမှန်ရှိနေပေမယ့် စစ်ဆေးမှုတွေက ရှိနေတုန်းပဲ။ ရဲရော၊ စစ်တပ်တွေတော့ ရှိသေးတယ်။ ဥပမာ လူတွေအများဆုံး သွားနေတဲ့နေရာဖြစ်တဲ့ ဆူးလေ၊ ဘတ်စ်ကားဂိတ်၊ လှည်းတန်း၊ မြေနီကုန်းတို့မှာ အရပ်ဝတ်နဲ့သွားနေတဲ့ လူတွေကိုစစ်ဆေးတယ်။ ပိုက်ဆံအိတ်ပါရင် ဖွင့်ကြည့်တယ်။ လွယ်အိတ်ပါရင် အိတ်ကိုစစ်တယ်။ ကင်မရာပါရင် ကင်မရာကို ဖွင့်ကြည့်ပြီး ဓာတ်ပုံတွေဘာဖြစ်လို့ တင်ထားလဲဆိုပြီးယူသွားတယ်။ သိမ်းလိုက်တယ်။ နောက်သူတို့တခုခု မသင်္ကာစရာတွေ့ရင် အဲဒီလူကို ဖမ်းသွားတယ်။
ဆူးလေ လေးဘက်လေးတန်မှာ ချထားတဲ့သံဆူးကြိုးကို ဒီနေ့မနက်ပြန်သိမ်းလိုက်တယ်။ ဒါပေမဲ့ အနီးပတ်ဝန်းကျင်မှာ အင်အားကတော့ ၂၅ဝ ၊ ၃ဝဝ လောက်တော့ ရှိနေတယ်”

ရွှေတိဂုံ

“ရွှေတိဂုံဘက်မှာလည်း အနောက်ဘက်မုခ်မှာ ဝင်တဲ့ လူမရှိဘူး။ သူတို့ ၁၅ ယောက်လောက် စောင့်နေတယ်။ နောက် အာဇာနည်ကုန်း၊ ရွှေတိဂုံ မြောက်ဘက်မုခ်ဘက်မှာဆိုရင်တော့ စစ်ကား ၁၅ စီးလောက် ရှိတယ်။ စစ်သားတွေကတော့ အောက်ဆင်းတဲ့လူကဆင်း၊ ကားပေါ်မှာ အိပ်နေတဲ့လူကအိပ်၊ ထိုင်နေတဲ့လူကထိုင် ရှိနေကြတာတွေ့ရတယ်”

ပြာယာခတ်နေသူများ

“လှည့်နေတဲ့ကား ၃ စီးကလည်း ဥပမာ တောင်ဥက္ကလာဘက် ရှိတယ်ဆိုရင် အဲဒီဘက်ကိုသွား။ သာကေတဘက်ဆို သာကေတသွား။ လုံထိန်း၊ ရဲ၊ စွမ်းအားရှင် လှည့်နေတယ်လေ။ အင်အားက ၁ဝဝ လောက် ရှိမယ်”

လုံခြုံရေး

နောက်ပြီး ရန်ကုန် မြို့နယ်တိုင်းမှာရှိတဲ့ စာသင်တိုက်တိုင်းမှာလည်း လုံခြုံရေးတွေချထားတယ်။ ငွေကြာရံကျောင်းတိုက်မှာ တော့ စစ်ကား ၃ စီး၊ ဒိုင်နာကား ၂ စီး ရှိတယ်။ အထဲမှာလည်း စစ်သား၊ ရဲ စောင့်နေကြတုန်းပဲ။

ငွေပေးရင် လွှတ်ပေးတယ်

“အခု ဆန္ဒပြပွဲမှာမပါဝင်ဘဲနဲ့ လမ်းပေါ်ကနေ ဖမ်းဆီးခံထားရတဲ့လူတွေကို နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေမေးပြီး အဲဒီလူ တွေရဲ့အိမ်ကို ဖုန်းဆက်ပြီး မင်းတို့အိမ်ကမောင်ဘယ်သူ၊ မဘယ်သူ၊ ဖမ်းဆီးထားတယ်၊ ပိုက်ဆံ ၂ သိန်းနဲ့ အာမခံပြီးလာခေါ်ပါ” ဟု သွားရောက် ထုတ်ယူခဲ့ရသူ တဦးကပြောသည်။

မဇ္ဈိမ သတင်းဌာန

Read More...

Monday, October 1, 2007

Read More...

ကမ္ဘာ့ဘောလုံးသမားများ မြန်မာ့အရေးကိုထောက်ခံ

အောက်တိုဘာ ၂ ရက် ၂၀၀၇

အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပနေတဲ့ ဥရောပဘောလုံးချန်ပီယံပွဲစဉ်အတွင်း ကမ္ဘာကျော် အီတလီအသင်း အေစီမီလန်နဲ့ ကတာနီနာ အသင်းတို့ ကစားကြတဲ့ပွဲမှာ ဒိုင်လူကြီး၊ စည်းကြပ်ဒိုင်တွေနဲ့ ဘောလုံးသမားတွေဟာ မြန်မာနိုင်ငံက ဆန္ဒပြ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ အနီရောင်ဖဲကြိုးတွေကို လက်မောင်းမှာ စည်းနှောင်ထားခဲ့ကြပါတယ်။

Read More...

Sunday, September 30, 2007

ရန်ကုန်မြစ်ထဲတွင် မျှောနေသည့် သံဃာတော် အလောင်း (အောက်တိုဘာ ၁ ရက် ၂၀၀၇)

ပျံလွန်တော်မူသွားရသည့် သံဃာတော်တွေရဲ့ ရုပ်ကလာပ်တွေကို နအဖ ဖျောက်ဖျက် နေပြီ
စက်တင်ဘာ ၂၈ ရက် ၂၀၀၇

နအဖ လက်ကိုင်ဒုတ်များ ပစ်ခတ်၊ ရိုက်နှက် သတ်ဖြတ် မှုကြောင့် ပျံလွန်တော်မူ ခဲ့ရသည့် သံဃာတော်များ၏ ရုပ်အလောင်းများအား ဖျောက်ဖျက် နေကြောင်း ရန်ကုန်မှ ပေးပို့လာသည့် သတင်းများ အရ သိရှိရပါသည်။

ကားနံပါတ် (စ/၇၂၇၀) ဒိုင်နာ အမျိုးအစား မော်တော်ကားဖြင့် အလောင်းများကို သယ်ယူသွားပြီး ရန်ကုန်မြစ်ထဲမျှောချလိုက်ကြောင်း မျက်မြင်သက်သေများမှ အတည်ပြုပြောကြားလိုက်ပါသည်။ ဆုံဆည်းရာမှ ၂၈ ရက်နေ့က တင်ခဲ့သည့် သတင်းဖြစ်ပါသည်။ အခု ဓါတ်ပုံက ၃၀ ရက်နေ့မှာ ရန်ကုန်မြစ်ထဲက သံဃာတော်အလောင်းများ တွေ့ရှိရတာ ဖြစ်ပါတယ်။ ဗွီဒီယိုကိုတော့ www.abcnews.go.com (ကြည့်ရှုလိုပါက နှိပ်ပါ) မှာ သွားရောက် ကြည့်ရှု နိုင်ပါတယ် ခင်ဗျား.... ဆုံဆည်းရာ

Read More...

Read More...

ရှေ့ခြေလှမ်းကိုသာ စဉ်းစားကြစို့

ဒီနေ့ ဗမာပြည်ရဲ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ မျက်နှာဖုံးတွေချွတ်။ သံချပ်အကာတွေဝတ်လို့ ကျားနဲ့ဆင်လယ်ပြင်မှာ တွေ့ကြပြီ ဖြစ်ပါတယ်၊
နင်တန် နင်တန် ပန်းကန်ကွဲဆိုသူတွေ။ နအဖပေးသလောက်ကို အရင်ယူထားပါဆိုသူ တွေ။ ညောင်နှစ်ပင်ကို အောင့်ကာနမ်းထားပါဆိုသူတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန် ကြပြီ။ တကယ့်မင်းသားနဲ့ တကယ့်ဘီလူးတို့ ချကြတော့မှာမို့ လူပြက်တွေ ကားလိပ်ကြားထဲ ရောက်ကုန်ကြတာဖြစ်တယ်။ အခုဟာက နတ်ဓားတွေ။ ဇာတ်ဓားတွေနဲ့ ခုတ်တာမျိုးမဟုတ်ဘူး၊ တကယ့်ဓား၊ တကယ့်လှံတွေနဲ့ ချကြတော့မှာ။
ကံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေတောင်မှ ကာလတခုအားဖြင့်တော့ ၀ပ်သွား၊ အမြီးကုတ် သွားပြီ။
တလျှောက်လုံးသူကချည့် တဖက်သတ်ထိုးစစ်ဆင်ခဲ့တဲ့ နအဖဟာ ခံစစ်ဘ၀ရောက်စပြု နေပြီ၊ အနည်းဆုံး နိုင်ငံရေးအရတော့ ခံစစ်လုံးလုံးဖြစ်သွားပြီ၊ ဒါကြောင့်နအဖဟာ လက်နက်ကုန် ထုတ်သုံးဖို့ပြင်လာတယ်၊ သူစုဆောင်းလို့ရသမျှ အင်အားတွေ အားလုံး ဆွဲခေါ်နေတယ်၊ မဆလ ဖိုင်တွဲစင်ပေါ်မှာ ဖုံတင်၊ ပင့်ကူမြှင်ယှက်နေတဲ့ သခင်တင်မြ။ ဦးချစ်လှိုင်စသူတွေကို ဖုတ်ဖက်ခါ ပွဲထုတ် လာတယ်။ နောက်တန်းကိုပြန်ခေါ်ပြီး ကျပ်ပူထိုးပေးနေရတဲ့ ကြံ့ဖွတ်တွေ။ စွမ်းအားရှင် တွေကို ဘယ်တော့မန်းမှုတ်ပြီး တွန်းပို့အုန်း မလဲ မသိဘူး၊
တကယ်က နိုင်ငံတနိုင်ငံမှာ သံဃာတော်တွေတောင် အရိုက်အနှက်ခံကြရတယ်။ ဘုရားသားတော်များကအစ ဆန္ဒပြ ကြတယ်။ ဆိုတာတွေဟာ မကောင်းတဲ့ကိစ္စတွေပဲ၊ ဒါပေမဲ့ အခုတော့ ဒါမျိုးတွေပေါ်လာတာကိုပဲ ဒီနိုင်ငံသားတွေဟာ ၀မ်းသာ အားတက်နေကြတယ်၊ လမ်းဘေးက ဒကာ။ ဒါယကာမတွေဟာ ဆန္ဒပြသံဃာတော်များကို ကန်တော့ရင်း လက်အုပ်ချီ ထားတဲ့ လက်ဖမိုးတွေအပေါ်မှာ ၀မ်းသာမျက်ရည်တွေ တပေါက်ပေါက်ကျနေတယ်၊ လူတွေဟာ အလုပ်ပျက်။ အကိုင်ပျက်ဖြစ်ရတာကို ကျေနပ်နေကြတယ်။ ဒါတွေဟာ ဘာကြောင့်လဲလို့ ဒီနိုင်ငံက ဘယ်သူ့ကိုပဲမေးမေး လူတိုင်းက “၁၉ နှစ်ရှိပြီ”လို့ တညီတညွတ်တည်း ဖြေကြမှာ။
ပြန်ကြည့်လိုက်ရင် အတိုက်အခံတွေဘက်က တလျှောက်လုံးတင်လာတာဟာ နှစ်ဘက် တွေ့ဆုံဆွေးနွေးရေးပဲ၊ ဒါကို န၀တ- နအဖတို့က မသိကျိုးနွံပြုပြီး အတိုက်အခံတွေကို တဘက် သတ် လက်နက်ချခိုင်းနေတယ်။ (၁၉၄၈ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ပြည် တွင်းစစ်မှာလည်း ဒီလိုပဲ တဘက်က တွေ့ဆုံဆွေးနွေးရေး တင်နေရက်နဲ့ စစ်အုပ်စုနဲ့ အဲဒီတုန်းကတသားတည်း ဖြစ်နေတဲ့ ဆိုရှယ်လစ်ပါတီအုပ်စုက အပြုတ်တိုက်ရေးနဲ့ လက်နက်ချရေးပဲ ကြွေးကြော်ခဲ့တာကို သတိရ စရာဖြစ်တယ်)၊ နအဖဘက်က တွေ့ဆုံဆွေးနွေးတာ မလုပ်ပဲ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း ဆက်သွားနေလို့ကတော့ လူထုဆန္ဒပြပွဲတွေ မရပ်မစဲ။ တခြိမ်းခြိမ်း ဖြစ်နေအုန်းမှာပဲ။ အစပြုတာဟာ လောင်စာဆီကိစ္စ၊ ကုန်ဈေးနှုန်းကိစ္စ၊ စာမေးပွဲကိစ္စ၊ အမျိုးမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ နောက်ဆုံး ကျရင်တော့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေရရှိရေး တိုက်ပွဲကြီးတွေအဖြစ် အသွင် ပြောင်းသွားတော့တယ်၊ လမ်းအားလုံးဟာ ရောမမြို့ကြီးကို ဦးတည်နေတယ်ဆိုတာလိုပဲ။ နိုင်ငံရေး ပါးဝလှတဲ့ ဗမာပြည်သူတွေဟာ အပေါ်ယံဖော်ပြတာရော၊ အောက်ခံအကြောင်းရင်းကိုပါ ကောင်းကောင်းမြင်နိုင်စွမ်းရှိတယ်။
အခုဆိုရင် တိုက်ပွဲဝင်နေသူတွေရော၊ မ၀င်သေးတဲ့လူတွေအပါ၊ သံဃာ၊ ကျောင်းသား၊ ၀န်ထမ်း၊ စစ်သား၊ အားလုံးဟာ ကြွေးကြော်သံအမျိုးမျိုးကို တင်လာစပြုနေကြတယ်။ ဘာပဲပြော ပြော နအဖနဲ့အတိုက်အခံတွေ့ဆုံဆွေးနွေးရေး ဆိုတာကိုတော့ နအဖကလွဲရင် ဘယ်သူမှ မငြင်းပယ်ကြဘူး။ ကြွေးကြော်သံကိုသာ ထုတ်ထားပြီး အဲဒါကို အကောင်အထည်ပေါ်အောင် ဘာမှမလုပ် ရင်တော့ ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဒါဟာ သင်္ကြန်အမြောက်ဖြစ်နေမှာပဲ။ လမ်းစဉ်တရပ်ချပြီးပြီဆိုရင် အဲဒါကို အကောင်အထည်ဖော်ရမယ်။ ကိုယ့် ကေဒါတွေကို အောက်ခြေ အထိ စွမ်းစွမ်းတမံ အကောင်အထည်ဖော်ခိုင်းရမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တိုက်ပွဲရယ်လို့ ပေါ်လာရင် ဘယ်လိုပေါင်းစပ် ပါဝင်ရမလဲ စဉ်းစားရမယ်။
ဒီနေ့မှာ တိုက်ပွဲကိုဘယ်လိုဆက်လက်သယ်ဆောင်ရမလဲ၊ နအဖက အကြမ်းဖက်ဖြိုခွဲ လာရင် ဘယ်လို လုပ်မလဲစတာတွေကို စဉ်းစားရတဲ့အချိန်ရောက်နေပြီ။ သံဃာတော်တွေ ဒါလောက်လမ်းပေါ်တက်နေလှုပ်ရှားနေတာ လူတွေဘာလို့ မပါဝင်သေးတာလဲလို့ မေးကြတာ လည်း မနည်းဘူး။ ဒီလိုဖြစ်ရတာရဲ့ အဓိကအကြောင်းရင်းတခုက လူတွေကို စည်းရုံးရှေ့ဆောင် မယ့်လူ၊ ဒါမှမဟုတ် အဖွဲ့ အစည်းမရှိသေးတာပဲ။ သံဃာဆိုတာက ဘာပဲပြောပြော သူ့စာသင်တိုက်၊ သူ့ကျောင်း စသဖြင့် စည်းရုံးဖွဲ့စည်းမှုလေးတွေ ရှိပြီးသားလိုဖြစ်နေတယ်။ လူထုမှာတော့ တက္ကသိုလ်တွေကလဲ ကွဲကြဲ၊ မြို့စွန်မြို့ဖျားရောက်နေကြတယ်။ ကိုမင်းကိုနိုင်တို့လို လူတွေကိုဖမ်း၊ မမိသေးသူတွေလဲရှောင်တိမ်းနေကြရလို့ မင်းလောင်းမျှော်ရမလိုလိုဖြစ်နေတယ်။ သံဃာတော်တွေ နောက်က လိုက်ဖို့ပဲရှိသလိုလိုဖြစ်နေတယ်။ ဒါပေမဲ့ ဒါဟာယာယီပဲဖြစ်မယ်။ လူထုဟာ ခေါင်းဆောင်မယ့်လူမရှိရင် သူတို့ဖာသာခေါင်းဆောင်ရှာ ခေါင်းဆောင်တင်ပြီး တိုက်မှာ၊ စိတ်ချ။
နအဖကိုစေ့စပ်ရေးစာပွဲဝိုင်းပေါ်ရောက်အောင် ဘယ်လိုလုပ်မလဲ။ ကြေငြာချက်ထုတ်တာ လောက်နဲ့ စစ်ဗိုလ်ချုပ်တွေ စာပွဲဝိုင်း ဆီကိုရောက်လာမလား။ ကမ္ဘာ့အ၀န်းအ၀ိုင်းကပြောရုံနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံစကားပြောပါ့မလား၊ ၁၉ နှစ်ကျော် အတွေ့ အဿကံက ဒါကို စိတ်ကူးယဉ်နေလို့မရကြောင်း ရှင်းရှင်းလင်းလင်းပြသပြီးပြီ။
ရန်သူနဲ့ စေ့စပ်ဆွေးနွေးတယ်ဆိုရင် ကိုယ့်အင်အားကို ရန်သူကမြင်မှ ကိုယ့်ကို လေးလေး စားစားဆက်ဆံမှာဖြစ်တယ်၊ ကိုယ့် စကားကို အလေးထားနားထောင်မှာဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဖဆပလအဖွဲ့ကြီးက ဗြိတိသျှကိုလိုနီနဲ့ လွတ်လပ်ရေးရဖို့ ဆွေးနွေးတာ အောင်မြင် ရတဲ့ အကြောင်းရင်းမှာ အမျိုးမျိုးသောသပိတ်ကြီးတွေနဲ့ ဗမာပြည်သားတွေဟာ တစိတ် တ၀မ်းတည်းရှိကြောင်း၊ လွတ်လပ်ရေးကို မရ ရတဲ့နည်းနဲ့တိုက်ယူမှာဖြစ်ကြောင်း ပိုင်းဖြတ်ချက် တွေ ဖော်ပြနေတာဟာ အဓိကဖြစ်တယ်။ အဲဒီတုန်းက သပိတ်တွေသာမက ပျဉ်းမနားက လယ် သမားသူပုန်၊ ထန်းတပင်က ဆန်လုပွဲစတဲ့ အင်္ဂလိပ်အုပ်စိုးမှုကို ခပ်ကြမ်းကြမ်း ဆန့်ကျင်ပြတာ တွေလည်းရှိတယ်။ နောက်ပြီး ပြည်သူ့ရဲဘော်၊ တပ်နီစတဲ့ လက်နက်ကိုင်နိုင်အောင် လေ့ကျင့်တဲ့ အဖွဲ့တွေကလည်း မြို့ကြီးတွေမှာ ရင်ကော့စစ်ရေးပြနေကြတာ၊ သာမန်လူထုထဲမှာကိုပဲ အလေးမ တာ၊ ကာယဗလလေ့ကျင့်တာ၊ လက်ဝှေ့ထိုးတာတွေ ခေတ်စားနေတာ၊ ဒါတွေအားလုံးဟာ ဒုတိယ ကမ္ဘာစစ်ဒဏ်ကြောင့် နှာနှပ်ပြီးထ’လာတဲ့ လန်ဒန်ကခေါင်းဆောင်တွေကို ဗမာ လူထုက စစ်ရေးနဲ့ပါ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ တကယ်ကျ အင်္ဂလိပ်က လန်ဒန်စားပွဲဝိုင်းမှာ ကိုယ်တင်ပြတာက ကျိုးကြောင်းဆီလျော်မှုရှိတာသက်သက်ကြောင့်မဟုတ်ဘူး၊ လူထုအင်အားသာ မပြနိုင်ရင် ဘာတွေ ဘယ်လိုပြောလို့မှ မရဘူးပဲ။
တရုတ်ပြည်ကို ဂျပန်က ကျူးကျော်တော့ ချန်ကေရှိတ်အစိုးရဟာ ဂျပန်ကိုမတိုက်ပဲ အီးယောင်ဝါးလုပ်နေတယ်။ ဒါ့အပြင် ပြည်တွင်းစစ်ကိုပဲ မဲတိုက်နေတယ်။ ဒီအခါမှာ ချန်ကေရှိတ်ကို ဖက်ဆစ်ဂျပန်တွန်းလှန်ရေး ဆွေးနွေးတဲ့ စားပွဲဝိုင်းရောက်လာဖို့အတွက် ကွန်မြူနစ်တွေဟာ လူထုနည်းနဲ့ ဆန္ဒပြပွဲကြီးတွေကျင်းပ၊ ချန်ကေရှိတ်ရဲ့ တပ်ထဲက ဗိုလ်ချုပ်ကြီးနှစ်ယောက်ကို ဖဲ့ထုတ်ဖိအားပေးတော့မှ ချန်ကေရှိတ်ဟာ စားပွဲဝိုင်းကိုရောက်လာတဲ့ အဖြစ်အပျက်ရှိဖူးတယ်။
နအဖခေါင်းမာတာ ဗြိတိသျှကိုလိုနီ၊ ချန်ကေရှိတ်၊ စသူတွေထက် မလျော့ပါဘူး။
ဒါကြောင့် ဗမာပြည်မှာ ဒီနေ့ပေါ်ပေါက်နေတဲ့ ဆရာတော်သံဃာတော်များနဲ့ လူထုတွေရဲ့ တိုက်ပွဲတွေဟာ မူသဘော တရားအရ မှန်ကန်မက နည်းနာအားဖြင့်လည်း မှန်ကန်တယ်။ အခြေအနေရဲ့လိုအပ်ချက်အရ သဘာဝကျစွာ ပေါ်ပေါက်လာတာ ဖြစ်တယ်။ အခုအခါမှာ ဒီတိုက်ပွဲ တွေ ပေါ်ပေါက်တာမှန်သလား၊ မှားသလား၊ တခြားနည်းနဲ့ တိုက်ရင်မဖြစ်ဘူးလား စသဖြင့် ငြင်းခုံ နေဖို့မလိုတော့ဘူး။ အခုဆက်ပြောကြ၊ ဆွေးနွေးကြရမှာဟာ တိုက်ပွဲကို ဘယ်လို ဆက် သယ်ဆောင်မလဲ၊ ပြည်သူလူထုကြီး တရပ်လုံး ပါလာအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ။
ဗသြ

Read More...

ပြည်သူတွေဘက်က ဘာပဲလုပ်လုပ် တရားတယ်။



Read More...

Saturday, September 29, 2007

တို့ဗိုလ်ချုပ်ကမှာခဲ့တယ် ရရင်ရ မရရင်ချတဲ့ ကဲအခုရပြီးလား မရသေးရင်တော့ ချဖို့ပဲရှိတော့တယ်


ဒီဗွီဘီမှ ကူးယူဖော်ပြသည်။ (photo by DVB)

Read More...

သံဃာထုရဲ့ သစ္စာအဓိဌာန်

“သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန်ဖြစ်သည်။ ဒီကံကိုဆောင် ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များအစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာစကား ကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာန်နတ်အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာ တော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊ မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့်နတ် အပေါင်းတို့ရဲ့ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်”

Read More...

ယာတောကသဗြော၏အမြင်

ကိုဟိုဒင်းရေ ………
လူကိုခွေးသတ်တာသာမက သံဃာကိုခွေးသတ်တာပါ ကျနော်တို့တွေ့နေကြရပါပြီ။ ဗမာပြည်သမိုင်းမှာ အဆိုး ဆုံးအဖြစ်ကို ကျနော်တို့မျက်မြင်ကိုယ်တွေ့ရင်ဆိုင်နေရတာပါလားဗျာ။ ဒါဗမာနိုင်ငံမှဟုတ်ပါလေစ၊ ၂၁ရာစု မှ ဟုတ်ပါလေစလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိတော့တယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက် ၁၉၃၆ခုနှစ်၊ မန္တလေးအာဇာနည်(၁၇)ဦးအရေးအခင်းမှာ သံဃာကိုပစ်သတ် တယ်ဆိုတာရှိခဲ့ဘူးတယ်။ ဒါပေမဲ့ အဲဒါက ကိုလိုနီအစိုးရ၊ ဘာသာမတူ၊ လူမျိုးကွဲပြား၊ တခြားနိုင်ငံကလာတဲ့ နယ်ချဲ့တွေ။ နောက်ပြီး ဂျပန်ဖက်ဆစ်ကာလတုန်းက သံဃာတော်တွေကို ရိုက်တယ်နှက်တယ်ဆိုတာရှိခဲ့ဖူး တယ်၊ ဒါဟာလည်း ဓလေ့ထုံးစံမတူ၊ လူမျိုးကွဲပြားတဲ့ တိုင်းတပါးကဖက်ဆစ်တွေ။
အခုတော့ ရိုင်းပလေ့ဗျာ ……. ရာဇ၀ရိုင်းပလေ။
ရွှေတိဂုံကုန်းတော်ပေါ်မှာ စစ်ဖိနပ်တွေ တခွပ်ခွပ်နဲ့တဲ့။ ရှေးခေတ်က ဗမာအမျိုးသားတွေ အင်္ဂလိပ်ကိုလိုနီနဲ့ ရင်ဆိုင်ခဲ့ကြတာကို မကြားဖူးကြလေရော့သလား။ ရွှေတိဂုံကုန်းတော်ပေါ်မှာ ဖိနပ်မချွတ်တဲ့ အင်္ဂလိပ်ကို အသေခံပြီး ဓားနဲ့ခုတ်ခဲ့တာလေ။ ကျနော်တို့နိုင်ငံသားတွေ၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ပြင်းပြင်းထန်ထန်တိုက်ပွဲ ဆင်ခဲ့ရတဲ့ သမိုင်းရှိခဲ့ပါတယ်။ အဲဒီတုန်းက သတင်းစာတွေ၊ ဇာတ်သဘင်တွေအပါ ဒီကိစ္စကိုအပြင်းအထန် ဆန့်ကျင်ကြလို့ တနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်ခဲ့တယ်။ ဒါဟာမဝေးလှသေးတဲ့ သမိုင်း၊ စာနဲ့ ပေနဲ့ ဓါတ်ပုံအထောက်အထားနဲ့ကိုရှိတဲ့ သမိုင်းဖြစ်ပါတယ်။ ဒါနဲ့တောင်မှ အခုကိုယ့်နိုင်ငံသားက တိုင်းတပါးသားထက်တောင်ပိုမိုက်ရိုင်းတာ တွေ့နေရပါရော့လား။ ကိုဟိုဒင်းရေ၊ ခင်ဗျားလည်း ကျနော်လိုပဲနေမှာပါ၊ အခုအခါမှာ ရေဒီယို အင်တာနက်တွေရှေ့မှာထိုင်ပြီး လူဟာတုန်ရီနေအောင် ဒေါသတွေဖြစ်နေရတယ်။ ခင်ဗျားဆီကိုရေးတဲ့ဒီစာမှာ ဒေါသသံများပါသွားရင်လည်း ခွင့်လွှတ်ပါ။ ဒီအချိန်ဟာ ကျနော်တို့နိုင်ငံသားတွေ တကယ့်ကိုကြိတ်မနိုင်ခဲမရ ဒေါသတွေဖြစ်ကြ မျက်ရည်တွေကျကြတဲ့အချိန်ပါ။
ပြောလို့ပြောတာမဟုတ်ပါဘူးဗျာ။ ကျနော်တို့နိုင်ငံက သံဃာတော်တွေလောက် ကိုယ်ကျိုးစွန့်တဲ့၊ နိုင်ငံနဲ့အမျိုး သားကို ချစ်မြတ်နိုးတဲ့ သံဃာတော်၊ ဒါမှမဟုတ် တခြားဘာသာရေးဝန်ထမ်း ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ခံစားမိပါ တယ်ဗျာ။ တဦးစ၊တဖွဲ့စတော့ ရှိနိုင်လောက်ပါတယ်။ ဒါပေမဲ့ အခုလို သောင်းလိုက်၊ သိန်းလိုက်ပရိတ်ရွတ်၊ မေတ္တာပို့ပြီး သေနတ်ပြောင်းတွေကို ထိပ်တိုက်ဝင်တိုးတဲ့ သာသနာ့ဝန်ထမ်းမျိုး ကြားတောင် မကြားဖူးပါဘူးဗျာ။ သူတို့ကိုကြည့်ပြီ ဒါယိကာ၊ ဒါယိကာမတွေ မျက်ရည်ကျကြတာလည်း သဘာဝကျပါတယ်။ ကျနော်တို့တောင်မှ တွေးလိုက်ရင် ရင်ထဲမှာဆို့နင့်နင့်ကြီးခံစားရတာ မဟုတ်လား။
ရဲဘော်ကြီးမှတ်မိမှာပါ၊ ဂဠုန်ဆရာစံကို ဂုဏ်ပြုတဲ့လေးချိုးကြီးမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ‘ရဂုံချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာကတိတွေနဲ့၊ ဂဠုန်သရဏံဂစ္ဆာမိကြပေတော့’ လို့ အင်မတန် စိတ်အားကြွစဖွယ် ရေးခဲ့တာလေ။ ဒါဟာ ရတနာသုံးပါးကို ဦးထိပ်ထားကြောင်း ဘုရားစာထဲက စာကြောင်းကို အင်မတန်ပြောင်မြောက်စွာပြင်ပြီး ကိုယ်တော်မှိုင်းဟန် ပြုထားတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကိုအခုတော့ ကျနော်တို့က သူ့မူရင်းအတိုင်း သံဃာ သရဏံဂစ္ဆာမိ ပြန်ဆိုကြ ရွတ်မိကြပါတယ်။ ဒါပေမဲ့ ကိုဟိုဒင်းရေ၊ အခု အဲဒီရတနာသုံးပါးထဲက တပါးကို စစ်ဖိနပ်တွေနဲ့ကန်လားကန်ရဲ့၊ ခေါင်းရိုက်လားရိုက်ရဲ့။ ဗမာစကားမှာ ဘုန်းကြီးခေါင်း ခေါက်ပြီးကန်တော့တယ်ဆိုတာ မှတ်မိတယ်မဟုတ်လား။ နအဖကတော့ ဘုန်းကြီးခေါင်းကို လှိမ့်ကန်ပြီးတာတောင် ဘုန်းကြီးကို ပြန်ဝန်ချတောင်းပန်ခိုင်းနေလေရဲ့ဗျာ။ နောက်ပြီး မြို့လည်ခေါင်က လမ်းမကြီးတွေပေါ်မှာ သံဃာတော်တွေကို အမဲပစ်သလို စိမ်ပြေနပြေပစ်သတ်နေတာကရော ဒီကောင်တွေကို ရာသက်ပန် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရမယ်။
ပြောရရင် ကျနော်တို့ဒီနေ့ရင်ဆိုင်နေရတဲ့ ဖိနှိပ်သူတွေ၊ ကျနော်ကတော့ ရန်သူလိုပဲ တည့်တည့်ခေါ်မယ်ဗျာ၊ ဒီကောင်တွေဟာ တော်ရုံရက်စက်တာမဟုတ်ပါဘူး။ သူတို့ဟာ အခုကိစ္စကျမှ သူတိုရဲ့ဒေါသကို အနှိုးဆွခံရပြီး စိတ်လိုက်မာန်ပါတွေ လျောက်လုပ်နေတာ၊ ရှက်ရမ်းရမ်းနေတာ မဟုတ်ဘူးဗျ။ သူတို့မှာ လူထုအပေါ် ဒီလို မတရားမညှာတာ ရက်ရက်စက်စက်လုပ်ဖို့ဆိုတာဟာ ဗမာနိုင်ငံမှာ စစ်အုပ်စုရယ်လို့စပေါ်လာကတည်းက သူတို့ခေါင်းထဲမှာရှိခဲ့တဲ့ အတွေးအခေါ်ဖြစ်တယ်။ သူတို့ရဲ့ဒီအတွေးအခေါ်ကို ဗိုလ်နေ၀င်းက အာဏာတက် လာစဉ်မှာ ‘ဓားဓား ချင်း၊ လှံလှံချင်းရင်ဆိုင်မယ်’ လို့ကြေငြာပြီး ပလ္လင်ပေါ်က အဆင်းကျတော့‘စစ်တပ်က မှန် အောင်သေအောင်ပစ်တယ်’ လို့ ကျိန်စာတိုက်တာနဲ့ ဖော်ပြခဲ့တယ်။ ဆိုလိုတာက ဒါဟာသူတို့ရဲ့ အသွေးထဲအသား ထဲမှာ စိမ့်ဝင်နေတဲ့ အယူအဆဖြစ်တယ်။ သူတို့သေမှ ဒီအယူအဆနဲ့ လုပ်ဟန်ကိုစွန့်မှာ။
ကျနော်တို့ ပြည်သူတွေဟာ ဒီလိုကောင်မျိုးတွေကို ရင်ဆိုင်နေရတာပါ။ (ဒါနဲ့များတောင် တချို့လူတွေက ဗမာပြည်ကလူတွေ ကြောက်နေကြတယ်၊ အကြောက်တရားက ဖိစီးခြင်းခံနေရတယ် ဆိုတာမျိုးပြောကြသေး တယ်ဗျ)။
ခင်ဗျားစဉ်းစားကြည့်ပါ ရဲဘော်ကြီးရယ်။ အိမ်မှာနေတော့ ရိုက်ပြီးဖမ်းတယ်၊ လမ်းပေါ်ထွက်တော့ သေနတ်နဲ့ ပစ်တယ်။ ဒီလောက်ယုတ်မာရမ်းကားနေမှတော့ လူတွေအနေနဲ့ သည်းခံနိုင်စွမ်းတွေ ကုန်းဆုံးယုံမက ရရာ လက်နက်နဲ့ ပြန်ချချင်စိတ်တွေ ပေါ်တာဆန်းသလားဗျာ။ သူများမပြောနဲ့၊ ပြည်ပမှာနေပြီး အင်တာနက်သတင်းတွေကို ဖတ်နေရတဲ့ ကျနော်တို့ ခင်ဗျားတို့ကိုယ်တိုင်တောင်မှပဲ လက်ထဲရှိတဲ့ မောက်စ်ကိုကိုင်ပြီး မော်နီတာပေါ်က စစ်သားတွေပုံကို ပစ်ပေါက်ချင်တဲ့ ဆန္ဒတွေပေါ်လာတယ်မဟုတ်လား။ တကယ်လို့သာ အနီးအနားမှာ လက်နက်လွယ်လွယ်ရနိုင်ရင် လက်နက်ကိုင် ပုန်ကန်မှုအမျိုးမျိုးပေါ်ပေါက်တာ ကြာလှရော့မယ်၊ ဆိုလိုတာက အခု လိုဖြစ်နေမှတော့ ပြည်သူတွေဘက်က ဘာပဲလုပ်လုပ် တရားတယ်ဆိုတာပဲ ရောင်းရင်းကြီးရေ့။ ဒီကောင်တွေကို ခဲနဲ့ပြန်ပေါက်၊ တုတ်နဲ့ပြန်ရိုက်လည်းတရားတယ်၊ ချောင်းရိုက်၊ ချောင်း ထုတာလဲတရားတယ်။ သေနတ်ရှာတွေ့လို့ သေနတ်နဲ့ပြန်ပစ်၊ လက်လုပ်ဗုံးနဲ့ထုရင်လည်း ကျနော်တော့ လက်ခုပ်တီးမယ်ဗျာ။
ပြည်သူတွေကို ဒီလိုလုပ်အောင်တွန်းပို့နေတာဟာ အုပ်စိုးသူတွေဖြစ်တယ်။ လမ်းပေါ်လျှောက်နေသူကို သေနတ်ကိုင်စေတာဟာ အုပ်စိုးသူပဲ။ ဒီအချက်ကို ဒီနေ့ဗမာပြည်အဖြစ်အပျက်က ထပ်ပြီးအတည်ပြုပေးတယ် လို့ပဲ ပြောရမယ်။ ဒါဟာသမိုင်းနဲ့ဆိုင်တဲ့ မှတ်တမ်းတင်ရမယ့် အရေးကြီးတဲ့အချက်ပဲ။
နောက်ဆုံးအနေနဲ့တော့ ကျနော်ပြောရဲတယ်ဗျာ ကိုဟိုဒင်း၊ ကျနော်တိုနိုင်ငံမှာ သသနာတည်မြဲတယ်ဆိုရင် ဒါဟာ ဗိုလ်သန်းရွှေတို့က ပုဂံမှာ မျှော်စင်ကြီးဆောက်တဲ့ ကုသိုလ်မျိုးကြောင့် လုံးဝမဟုတ်ဘူး။ ဟောဒီလို မျက်ရည်အသွယ်သွယ်နဲ့ လက်အုပ်ချီနေတဲ့ ဒါယိကာ ဒါယိကာမတွေရဲ့ အကြားမှာ သေနတ်ပြောင်းတွေရှိရာကို မေတ္တာသုတ်ရွတ်ရင်းကြွချီသွားကြတဲ့ သံဃာတော် အရှင်သူမြတ်တွေကြောင့်ပဲဗျ။
ဘယာဘေး ကွာဝေးကြပါစေ။

ယာတောက သာဗြော

Read More...

အနုပညာသမားဆိုတာ ပြည်သူ့အတွက် သူကတော့ အစစ်အမှန်ပဲ

ကိုဇာဂနာရဲ့ဖေါ်ပြချက် - ၀တ်ပြထားတာ အပေါ်မှာ shrit အကောင်းစားနဲ့  ရွှေဆွဲကြိုး ၅ ကုံး လက်တွေ မှာ လက်စွပ်အပြည့်ဝတ်ပြီးတော့ အောက်မှာတော့ ဘောင်းဘီက စုတ်ပြတ်ပြီး ဖင်ကလဲပေါက်နေသေးတယ်။ အပေါ်ပိုင်းကတော့ ချမ်းသာပါရဲ့ အောက်ပိုင်းကတော့ စုတ်ပြတ်နေတာဘဲဆိုပြီး နအဖတွေ ချမ်းသာနေပြီး ပြည်သူတွေဆင်းရဲနေတာကို သရုပ်ဖေါ်ပြလိုက်ပါတယ်။
ကိုနစ်နေမန်းမှ

Read More...

အာဏာရှင်ကိုဖြုတ်ချမယ့် အာဂသတ္တိခဲမလေး

ရန်ကုန်ဆန္ဒပြပွဲများတွင် စုစုနွေး ပါဝင်ရန် နေအိမ်မှ စတင်ထွက်ခွာကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံမှ စုစုနွေး အင်တာဗျုးနှင့် ယခု တိုက်ရိုက်အသံလွှင့်သွားသည်။

Read More...

ဘယ်လိုလိမ်အုံးမလို့တုန်း တကျပ်နဲ့ ပြားတရာ ဘာမှမထူးပါဘူးဗျာ

ပန်းဆိုးတန်းလမ်း ကုန်းးတံတားကို ဖြတ်ပိတ်ထားပါတယ်။ ဗန္ဓုလလမ်းကို လသာအထိပဲသွားလို့ရပါတယ်။ ဆူးလေဘက်ကိုပိတ်ထားပါတယ်။ လူများကစုလာလိုက် စစ်သားများက ကားပေါ်ကသေနတ်ဖြင့်လိုက်ချိန်လိုက်၊ လူများကထွက်ပြေးလိုက်ပြီးတော့ ပြန်စုလာလိုက်နဲ့  ဖြစ်နေပါတယ်။ စောစောကပြောခဲ့သလို စစ်တပ်အနေနဲ့  ခြိမ်းခြောက်ပြတာဘဲ တွေ့ မြင်ရပါတယ်။ ပြစ်ခတ်မှု လုံးဝ မရှိပါ။ ကုသမဂ္ဂကိုယ်စားလှယ်ကို မောင်အေးက လက်ခံတွေ့ ဆုံမယ်လို့ သိရပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်ရှိနေလို့  ပြစ်မိန့် လုံးဝ မပေးတာလို့  တိကျစွာ ကြားသိရပါတယ်။

Read More...

ဘယ်သူခွဲခွဲဒို့မခွဲ ဒို့ဟာဒို့ကွဲမည်

သတင်းများအရ - ယခုအခါ သန်းရွှေနှင့် မောင်အေးတို့  အားပြိုင်နေပြီး၊ စစ်တပ်တွင် နှစ်အုပ်စု သေချာစွာ ကွဲနေပြီဖြစ်ကြောင်း၊ သန်းရွှေဘက်တွင် အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်း၊ မောင်ဦးနှင့် သိန်းဇော်တို့ ပါဝင်သွားကြောင်း။ စစ်ဗိုလ်များမှ သန်းရွှေအမိန့် နာခံလိုသူနှင့် မောင်အေးအမိန့် နာခံလိုသူ ကွဲလာနေပြီဖြစ်ကြောင်း၊ ဗိုလ်မျူးချုပ်တစ်ဦးအဆိုအရ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းမှအပ လုံးဝပြစ်ခတ်မှုမလုပ်ရန် မောင်အေးမှ အမိန့် ပေးထားကြောင်း၊ ဒါကို သန်းရွှေအမိန့် ကိုနာခံသောအုပ်စုမှ လုံးဝမကျေနပ်ကြောင်း စသဖြင့် သိရှိရပါသည်။ ထို့ ကြောင့် ဆန္ဒပြသူများအနေဖြင့် စစ်တပ်အား သိမ်းကြုံးပြီးဆဲဆိုတာမျိုး လုံးဝမလုပ်ဘဲ၊ မကျေနပ်လျှင် သန်းရွှေနှင့် နောက်ပါ ၀န်ကြီးများကိုသာ ခွဲခြားပြောဆိုသင့်ကြောင်း အဆိုပါ ဗိုလ်မှူးချုပ်မှာ ပြောကြားကြောင်း သိရပါသည်။

Read More...

တလိမ် နှစ်လိမ်ပွေလိမ်ရှုပ်မယ်တဲ့ သူလေပြင်

နအဖမှ တစ်နေ့ ညမှ စစ်တပ်ဖြင့်ဝင်ရောက်ဖျက်ဆီးခဲ့သော ငွေကြာယံ ဘုန်းကြီးကျောင်းတိုက်အား နှစ်ရက်အတွင်း အပျက်အစီးများကို အမြန်ပြန်ပြင်ခဲ့ကြောင်း သိရပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်က သွားရောက်စစ်ဆေးချင်ရင် ညာပြီး ပြဖို့ ဖြစ်တယ်လို့  သိရပါတယ်။

Read More...

ဖမ်းမှာပဲ ဖမ်းမှာပဲ ငါ့ကိုလာမတားနဲ့

ဆန္ဒပြပွဲကတော့ ဖရေဇာလမ်းတစ်လျှောက်မှာဖြစ်တယ်။ ဘုန်းကြီးလမ်းမှာဖြစ်တယ်။ ဒီနေ့ မြို့တော်ခမ်းမရှေ့က ဖြတ်တဲ့လူမှန်သမျှကို စစ်ဆေးတယ်။ မသင်္ကာရင် ဖမ်းတယ်။ ဖရေဇာလမ်းပေါ်က သော့ပြင်တဲ့ ကုလားကို တောင်ဖမ်းတယ်။
ကိုနစ်နေမန်းမှ

Read More...

အထွေထွေသပိတ် တနင်္လာနေ့မှာ စတင်မယ်

ဘာသာသာသနာနဲ့ လူမျိုးကို ရမ်းကားယုတ်မာနေတဲ့  နအဖကို သင်တို့  လက်တွေ့  မြင်နေကြတယ်။ တနင်္လာနေ့ မှာ အထွေထွေအလုပ်သမားသပိတ်စမယ်။ ပြည်သူ့ သစ္စာကိုစောင့်သိတဲ့ ပြည်သူဝန်ထမ်းဖြစ်ပါစေ။ နအဖရဲ့ စက်ယန္တယားမှန်သမျှကို ရပ်တန့် ဖို့  အလုပ်ရုံး စက်ရုံအလုပ်ရုံတွေကို မသွားကြဖို့။ စက်တင်္ဘာမှာ ဘုန်းဘုန်းတို့ က ဦးဆောင်ပြီး စခဲ့တယ်၊ အခု ပြည်သူတွေ ပါလာကြတယ်။ ဒီတော့ ပြည်သူ့  ၀န်ထမ်းတွေ အားလုံး “အောက်တိုဘာ အထွေထွေအလုပ်သမားသပိတ်” စမယ်ဗျို့ ။
ကိုနစ်နေမန်းမှ

Read More...

Friday, September 28, 2007

တိုင်းပြည်ကို ကယ်တင်မယ့် ဘုန်းကြီးနဲ့ လူထုများ




Read More...



Read More...

စက်တင်္ဘာလ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်။

ထိပ်ပိုင်းကွဲပြီ
မြန်မာစံတော်ချိန် ၁၉း၁၀ (သတင်းလွှင့်တင်ချိန်)

ဆန္ဒပြသူများကို သတ်ဖြတ် ဖြိုခွင်းခြင်း အပေါ် ဗိုလ်ချုပ်မောင်အေးနှင့် သူ့အပေါ် သစ္စာခံသူတပ်မှူးများက ဗိုလ်ချုပ်သန်းရွှေကို မကျေမနပ် ဖြစ်နေကြပြီး ဗိုလ်ချုပ်သန်းရွှေနှင့် အကြီးအကျယ် သဘောထားကွဲလွဲနေကြောင်း စစ်အစိုးရနှင့်နီးစပ်သူ သတင်းရပ်ကွက်တခုက ပြောသည်။

Read More...

ပန်းဆိုးတန်းနဲ့ တရုတ်တန်းမှာ ဆန္ဒပြသူများ အရိုက်ခံရ
မြန်မာစံတော်ချိန် ၅ နာရီ (သတင်းရယူချိန်)

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းနှင့် တရုတ်တန်းတွင် ယနေ့ညနေ ၃ နာရီခွဲခန့်က ဆန္ဒပြ လူအုပ်ကြီးကို စစ်တပ် ဦးဆောင်သည့် ကြံ့ဖွတ်၊ စွမ်းအားရှင်များနှင့် ထောင်ထွက်များက တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာတွင် လူများစွာ သေဆုံးသည်ဟု ဒေသခံများအကြား ခန့်မှန်း ပြောဆိုနေကြပြီ ဖြစ်သည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက …

“ကျနော်လေ ဆူးလေကနေ နေ့လည် ၂ နာရီလောက်ကနေ ပြန်လာတာပါ။ အခြေအနေ မကောင်းလို့။ အခြေအနေ မကောင်းလို့ဆိုတာက အဲဒီမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေ၊ ထောင်က ထွက်လာတဲ့ကောင်တွေလေ။ ထောင်က ထွက်လာတဲ့ကောင်တွေက သိတဲ့အတိုင်းပဲ မနေ့ကလည်းပဲ ကား ၄ စီးလောက် လာချသွားတယ်လေ။ အဲမှာ ကျနော်ကြည့်လိုက်တဲ့ အခါကျတော့ ဒီကောင်တွေကလည်း လက်တွေ၊ ခြေထောက်တွေမှာ ပွစိစိ၊ ဖောယောင်နေတာ။ ထောင်ထဲမှာ သိတဲ့အတိုင်းပဲ လုံးတီးဆန်စားထားတဲ့ ကောင်တွေလေ။ အဲကောင်တွေကလည်းပဲ နောက်ဘက်မှာ လွယ်အိတ်လေးတွေလွယ်ပြီးတော့ အထဲမှာ ဂျင်ကလိတို့၊ လေးခွတို့ ပါတယ်ထင်တယ်။ စစ်တပ်က နောက်ကနေပြီး လူတွေကို လိုက်ချက်နေတာ ကျနော်တို့ကလည်း လိုက်ချက်နေရတယ်။

အခုပဲ လမ်း ၄ဝ က တယောက်က လှမ်းဖုန်းဆက်တယ်။ ပန်းဆိုးတန်း ကုန်းပေါ်မှာ သွေးတွေ အများကြီးပဲ အိုင်ထွန်းနေတာပဲတဲ့။ တရုတ်တန်းမှာလည်း ပစ်လို့ အကုန် ထွက်ပြေးနေကြတယ်။ စစ်တပ်က ပစ်တာဗျာ။ ပထမတုန်းက ဆူးလေလောက်ကနေ ပန်းဆိုးတန်း၊ နောက် ပန်းဆိုးတန်း ကျော်ကျော်လောက်ကနေ လူတွေက ဘားလမ်းလောက်ထိပေါ့နော်။ လှည့်ပတ်ပြီးတော့ သွားတဲ့အခါကျတော့ ပန်းဆိုးတန်းမှာ တွေ့တဲ့သူတွေ အကုန်လုံးကို သေနတ်နဲ့ ပစ်တာထက် အသံတိတ်ရိုက်နေတာဗျ။ စွမ်းအားရှင်တွေကလည်း သံတုတ်တွေနဲ့ ရိုက်နေတာ အသံတိတ် ရိုက်နေတာ။ သေနတ်သုံးတာထက် အသံတိတ် ရိုက်သတ်နေတာဗျာ။ ဖြစ်တဲ့အချိန်က ၃ နာရီခွဲ လောက်မှာဗျ။

လူတွေက ၁၇ လမ်းတို့၊ တရုတ်တန်းတို့ကို အကုန် ထွက်ပြေးနေကြတာ။ လမ်းမတော် လမ်းတလျှောက်မှာတော့ စစ်တပ်ကတွေ အကုန်ပိတ်ထားတာ။ လူအသေအချာတော့ သေချာမသိဘူးဗျာ။ ဒီဖြစ်ရပ်မှာတော့ လူက ရာနဲ့ချီသေတယ်။ ရာနဲ့ချီပြီး သေသွားပါပြီ။ ဖမ်းထားတာတွေ ကတော့ ထောင်ဂဏန်းလောက် ရှိမယ်။ အင်းစိန်ထောင်တောင် မဆန့်လို့ လူတွေကို ဂျီတီအိုင်ကျောင်းထဲ ပို့ထားတယ်လို့ ကြားတယ်။

ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ဘုန်းကြီးတွေကို သံတုတ်တွေနဲ့ ရိုက်ပြီးတော့ အလုံးပိတ် ကားတွေပေါ် တင်သွားခံရတဲ့ ဘုန်းကြီးတွေရဲ့ ကံကြမ္မာတွေကို ကျနော်တို့ကစိုးရိမ်တယ်။ အဲဒီနေ့မှာ နောက်တခါ ဘုရားပေါ်မှာ ပိတ်မိနေတဲ့ ဘုန်းကြီးတွေကို လူမသိသူမသိ ခွေးဆွဲသလို ဆွဲသွားခံရတဲ့ အဲဒီဘုန်းကြီးတွေရဲ့ ကံကြမ္မာကလည်း နည်းတာ မဟုတ်ဘူး။ ကျောင်းမှာ ပိတ်မိနေတာလည်း အများကြီး။ သူတို့တွေက ကျေညာထားတာက လူ ၉ ယောက် သေတယ်၊ ၁၁ သေတယ်တဲ့။ ဘယ်ကမလဲဗျာ။ ရာနဲ့ချီ သေလောက်ပြီ အခုလောက်ဆိုရင်ဗျာ”

Read More...

၂၈၊ ၉၊၂၇၇၀

မနေ့က ဆင်မလိုက်နားက အစိုးရ သစ်စက်က အလုပ်သမားက စစ်တပ်ကို ဓာတ်ဆီပုလင်းနဲ့ လှမ်းပစ်လို့ စက်သေနတ်နဲ့ ရမ်းရာ လူ၂ယောက် ကျည်ထိသေဆုံး၊ ထိုတပ်နဲ့ အဆက်အသွယ်ရှိသူက အချိုသတ် စုံစမ်းလို့ ယခု သတင်းရရှိ

Read More...

Read More...

မှက်နှာမရ ခြေထောက်ရ

ကိုနစ်နေမန်းမှ

Read More...

ပိုင်ရှင်မဲ့နေတဲ့ ဖိနပ်ကလေးများ

Read More...

အော် ဘုရားတောင်မကျန် ခေါင်းကိုရိုက်နေပါရော့လား

အကြင်သူသည် တရားကို သတ်၏။
ထိုအသတ်ခံရသော တရားသည် အကြင်သူကို ပြန်၍ သတ်၏။

ဓမ္မပဒ
အမျိုးဘာသာ သာသနာကို ဒီလိုကာကွယ်တဲ့  နအဖ...

Read More...

ဂျပန်သတင်းထောက်ကို သတ်တာ ဘယ်သူလဲ

Read More...

ပြည်ဖျက်မယ့် စစ်သား သို့မဟုတ် ခေတ်သစ် ဒေ၀ဒတ်

Read More...