အောက်တိုဘာ ၆ ရက် ၂၀၀၇ဆေးရုံကို အကျဉ်းစခန်းကနေ လူသေတွေ ခဏခဏရောက်လာတယ် ကျောအနောက်ပိုင်းမှာ အမဲစင်းစင်းလေးတွေနဲ့ အဲဒါကို တော်ရုံ ဆရာဝန်လေးတွေ ဘာမှန်းမသိဘူး Professor တစ်ယောက် ပြောပြမှသိတာက အဲဒါတွေက Electric Shock နဲ့ တို့ ထားတာတွေတဲ့ နောက်ပြီး ဆေးရုံကို ရောက်တဲ့ ဒဏ်ရာရလူစာရင်းတွေမှာ Gun Shot Wound ဆိုပြီး မှတ်ချက် ရေးထားတာတွေကိုလည်း Accident ဆိုပြီး ပြင်ရေးခိုင်းတယ် ဆရာဝန်တွေအားလုံးကတော့ ပြင်မရေးပေးနိုင်ဘူးဆိုပြီး တင်းခံထားတာပဲ၊ ဘုန်းဘုန်းတစ်ပါး အဲဒီ ဘုန်းဘုန်းဆိုရင် OT က ထွက်လာလာချင်းကို ဆေးရုံမှာရှိတဲ့ ဗိုလ်မှူးက သင်္ဃန်းဆွဲချွတ်ပြီး ဖမ်းခေါ်ဖို့လုပ်တာ ဆရာဝန်တွေနဲ့ ရှိရှိသမျှ ဆေးရုံက နာ့စ်တွေအားလုံး ၀ိုင်းတားတာ မရဘူး နောက်ဆုံး Professor ကိုယ်တိုင်က ဒီလူနာကို intensive ပေးရမှာ ခင်ဗျားတို့ နားမလည်ပဲ မလုပ်ပါနဲ့ဆိုလို့ အဲဒီမှာ ခဏထားခွင့်ရတာပါ။ ညနေလည်း ရောက်ရော အဲဒီဦးဇင်းကို လာခေါ်သွားတာပါပဲဟိုက ထတောင် မနိုင်ဘူး လိုက်သွားရတယ်ဟု ရန်ကုန်မြို့ခံတဦးမှ ပြောသည်။
ဆုံဆည်းရာ
Saturday, October 6, 2007
Posted by
သစ္စာ
at
3:06 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment