အောက်တိုဘာ ၂ ရက် ၂၀၀၇
နအဖရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတရင်းမှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဌေးဝင်းသည် စက်တင်ဘာလ ၂၆ ရက်နေ့က သူ၏ သားတယောက်နှင့်အတူ ထိုင်း -မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု KNU မှ ဗိုလ်မှူးကြီး စောနေဒါးမြက အတည်ပြု ပြောသည်။
“ဗိုလ်မှူးဌေးဝင်းကို သူ့အထက်အရာရှိတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေတဲ့ ဘုန်ကြီးတွေကို ပစ်ဖို့အမိန့်ပေးတယ်။ ဒါပေမဲ့ သူဟာအပြစ်မရှိတဲ့ ဘုန်းကြီးတွေနဲ့အရပ်သားတွေကို မပစ်ဘူး။ အဲဒီတော့သူ့အထက်လူကြီးတွေက သူ့ကိုမဖမ်းနိုင်ခင် မှာ သူက သားတယောက်ကို ခေါ်ပြီးတော့ အရင်ထွက်ပြေးလာနိုင်တယ်။” ဟု ဗိုလ်မှူးကြီးစောနေဒါးက ပြောသည်။
ဗိုလ်မှူးဌေးဝင်းက ပြောတယ်။ စစ်တပ်ထဲမှာ အရာရှိတွေကော၊ ရဲဘော်တွေပါ ဘယ်သူမှမနေချင်တော့ဘူး။ ဒါပေမဲ့ သူတို့ကို တပ်ကလည်းထွက်ခွင့်မပေးဘူး။ ထွက်ပြေးလာဖို့ကလည်း အဆက်အသွယ်မရှိတော့၊ နယ်စပ်ဖက်ကိုရောက်လာရင် သူတို့ရဲ့ အသက်အန္တရာယ်ဖြစ်မှာ ကြောက်ပြီးတော့ မပြေးရဲကြတာလို့ ပြောတယ်။ အခုလို အစစအရာရာ ကူညီမှန်းသိရင် နောက်ထပ်အများကြီး ထွက်ပြေးလာကြအုံးမယ်လို့ ဗိုလ်မှူးဌေးဝင်းက ကျွန်တော့ကိုပြောပြတယ်။” ဟုဗိုလ်မှူးကြီး စောနေဒါးမြ က ပြောပြသည်။
ဗိုလ်မှူးဌေးဝင်းသည် သူ၏သားနှင့်အတူ တတိယနိုင်ငံတနိုင်ငံသို့ သွားရောက်ခိုလှုံရန် အစီစဉ်ရှိသည်ဟု ဗိုလ်မှူးကြီး စောနေဒါးမြ ကပြောပြသည်။
အန်ဒမန်ဟီးရိုး
Tuesday, October 2, 2007
ဗုဒ္ခဘာသာ ရဟန်းတော်တွေကိုမပစ်ခတ်ပဲ နအဖရဲ့အမိန့်ကိုဆန့်ကျင်တဲ့ တပ်မှူးတဦးနယ်စပ်ကို ထွက်ပြေးခဲ့
Posted by
သစ္စာ
at
8:11 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment