စစ်သားနဲ့ စစ်တပ်ရဲ့အဓိကတာဝန်ကဘာလဲဆိုတာ မမေ့သင့်ဘူး။ မေ့နေရင် ပြောပြမယ်။ စစ်တပ်နဲ့စစ်သားရဲ့ အဓိကတာဝန်ကတော့ ကိုယ့်တိုင်းပြည်ကို တိုင်းတပါးရန်က အသက်ပေးကာကွယ်ဖို့ပါ။ ဒီလိုကိုယ့်လူထုကို သေနတ်ပြပြီးရိုက်ဖို့ မဟုတ်ဘူး။ သေနတ်ကိုင်ထားပြီးမှ ကိုယ့်လူထုကို ကိုယ်ပြန်ရိုက်ရဲတဲ့သတ္တိမျိုး စစ်သားမပြောနဲ့ ကလေးတောင် အဲလိုသတ္တိမျိုးရှိတယ်။

Saturday, September 29, 2007

ဘယ်သူခွဲခွဲဒို့မခွဲ ဒို့ဟာဒို့ကွဲမည်

သတင်းများအရ - ယခုအခါ သန်းရွှေနှင့် မောင်အေးတို့  အားပြိုင်နေပြီး၊ စစ်တပ်တွင် နှစ်အုပ်စု သေချာစွာ ကွဲနေပြီဖြစ်ကြောင်း၊ သန်းရွှေဘက်တွင် အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်း၊ မောင်ဦးနှင့် သိန်းဇော်တို့ ပါဝင်သွားကြောင်း။ စစ်ဗိုလ်များမှ သန်းရွှေအမိန့် နာခံလိုသူနှင့် မောင်အေးအမိန့် နာခံလိုသူ ကွဲလာနေပြီဖြစ်ကြောင်း၊ ဗိုလ်မျူးချုပ်တစ်ဦးအဆိုအရ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းမှအပ လုံးဝပြစ်ခတ်မှုမလုပ်ရန် မောင်အေးမှ အမိန့် ပေးထားကြောင်း၊ ဒါကို သန်းရွှေအမိန့် ကိုနာခံသောအုပ်စုမှ လုံးဝမကျေနပ်ကြောင်း စသဖြင့် သိရှိရပါသည်။ ထို့ ကြောင့် ဆန္ဒပြသူများအနေဖြင့် စစ်တပ်အား သိမ်းကြုံးပြီးဆဲဆိုတာမျိုး လုံးဝမလုပ်ဘဲ၊ မကျေနပ်လျှင် သန်းရွှေနှင့် နောက်ပါ ၀န်ကြီးများကိုသာ ခွဲခြားပြောဆိုသင့်ကြောင်း အဆိုပါ ဗိုလ်မှူးချုပ်မှာ ပြောကြားကြောင်း သိရပါသည်။

No comments: