စစ်သားနဲ့ စစ်တပ်ရဲ့အဓိကတာဝန်ကဘာလဲဆိုတာ မမေ့သင့်ဘူး။ မေ့နေရင် ပြောပြမယ်။ စစ်တပ်နဲ့စစ်သားရဲ့ အဓိကတာဝန်ကတော့ ကိုယ့်တိုင်းပြည်ကို တိုင်းတပါးရန်က အသက်ပေးကာကွယ်ဖို့ပါ။ ဒီလိုကိုယ့်လူထုကို သေနတ်ပြပြီးရိုက်ဖို့ မဟုတ်ဘူး။ သေနတ်ကိုင်ထားပြီးမှ ကိုယ့်လူထုကို ကိုယ်ပြန်ရိုက်ရဲတဲ့သတ္တိမျိုး စစ်သားမပြောနဲ့ ကလေးတောင် အဲလိုသတ္တိမျိုးရှိတယ်။

Saturday, September 29, 2007

သံဃာထုရဲ့ သစ္စာအဓိဌာန်

“သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန်ဖြစ်သည်။ ဒီကံကိုဆောင် ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များအစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာစကား ကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာန်နတ်အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာ တော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊ မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့်နတ် အပေါင်းတို့ရဲ့ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်”

No comments: