စစ်သားနဲ့ စစ်တပ်ရဲ့အဓိကတာဝန်ကဘာလဲဆိုတာ မမေ့သင့်ဘူး။ မေ့နေရင် ပြောပြမယ်။ စစ်တပ်နဲ့စစ်သားရဲ့ အဓိကတာဝန်ကတော့ ကိုယ့်တိုင်းပြည်ကို တိုင်းတပါးရန်က အသက်ပေးကာကွယ်ဖို့ပါ။ ဒီလိုကိုယ့်လူထုကို သေနတ်ပြပြီးရိုက်ဖို့ မဟုတ်ဘူး။ သေနတ်ကိုင်ထားပြီးမှ ကိုယ့်လူထုကို ကိုယ်ပြန်ရိုက်ရဲတဲ့သတ္တိမျိုး စစ်သားမပြောနဲ့ ကလေးတောင် အဲလိုသတ္တိမျိုးရှိတယ်။

Saturday, September 29, 2007

တလိမ် နှစ်လိမ်ပွေလိမ်ရှုပ်မယ်တဲ့ သူလေပြင်

နအဖမှ တစ်နေ့ ညမှ စစ်တပ်ဖြင့်ဝင်ရောက်ဖျက်ဆီးခဲ့သော ငွေကြာယံ ဘုန်းကြီးကျောင်းတိုက်အား နှစ်ရက်အတွင်း အပျက်အစီးများကို အမြန်ပြန်ပြင်ခဲ့ကြောင်း သိရပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်က သွားရောက်စစ်ဆေးချင်ရင် ညာပြီး ပြဖို့ ဖြစ်တယ်လို့  သိရပါတယ်။

No comments: